သတင်း

စစ်အာဏာသိမ်း (၁၉၂၉)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၀၄၄) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၁၅ AAPP ရဲ့ မေ၁၄ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၉၂၉) ရက်အတွင်း ပြည်သူ (၈၀၄၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၉၈၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၈၈၈၉)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

သေဒဏ်အထိချမှတ်နိုင်တဲ့ ကျားဖြန့်ဥပဒေကြမ်း အာဏာသိမ်းစစ်အစိုးရ ထုတ်ပြန်

နေပြည်တော် ၊ မေ ၁၅ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့ပတ်သက်ပြီး သေဒဏ်အထိ ချမှတ်နိုင်တဲ့ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို အာဏာသိမ်း စစ်အစိုးရက မေ ၁၄ ရက်နေ့မှာ နိုင်ငံပိုင် သတင်းစာတွေကနေ ထုတ်ပြန်ပါတယ်။ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ပြည်သူတွေ သိရှိလေ့လာအကြုံပြုနိုင်ဖို့ အသိပေးထုတ်ပြန်တာဖြစ်လို့ အကြံပြုစာတွေကိုလည်း ပြည်ထောင်စုလွှတ်တော်ရုံးကို လိပ်မူပေးပို့နိုင်တယ်လို့ ဆိုပါတယ်။ အွန်လိုင်းလိမ်လည်မှုကို နိုင်ငံအတွင်း…

သံဖြူဇရပ်မှာ ‌ရေနံချေးလိုက်သုတ်တဲ့ အမျိုးသားသုံးဦး လက်ပြန်ကြိုးတုပ်ပြီး ပစ်သတ်ခံရ

သံဖြူဇရပ် ၊ မေ ၁၅ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် စခန်းကြီးကျေးရွာအပိုင် ရေး-သံဖြူဇရပ်ကားလမ်းဘေးမှာ ‌ရေနံချေးလိုက်သုတ်တဲ့ အမျိုးသားသုံးဦး လက်ပြန်ကြိုးတုပ်ပြီး ပစ်သတ်ခံထားရတဲ့ အလောင်းတွေကို ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အသတ်ခံရတဲ့ ရေနံချေးလိုက်သုတ်တဲ့ အမျိုးသားသုံးဦးရဲ့ ရုပ်အလောင်းကိုတော့ စခန်းကြီးကျေးရွာအပိုင် ရေး-သံဖြူဇရပ် ကားလမ်း မရှိခဏဘုရားနဲ့ ဦးမန်းရာဘာခြံရှေ့ လမ်းအစပ်မှာ မေ ၁၄ ရက်နေ့…

သရက်ချောင်းတိုက်ပွဲအတွင်း နေအိမ်ပျက်စီးခဲ့တဲ့ ဒေသခံတွေ အကူအညီ လိုအပ်နေ

သရက်ချောင်း၊ မေ ၁၅ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း နေအိမ်ပျက်စီးခဲ့တဲ့ ဒေသခံတွေ အကူအညီ လိုအပ်နေတယ်လို့ သရက်ချောင်းမြို့နယ် ဒေါင်းညီနောင်စစ်ကြောင်းရဲ့ ကူညီကယ်ဆယ်ရေး အဖွဲ့ထံက သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လအတွင်း သရက်ချောင်းမြို့နယ်ရှိ စစ်ကော်မရှင်တပ်ရဲ့ ဝင်းဝစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်…

ဆောမြို့သို့ အင်အား ၅၀၀ ပါ အာဏာသိမ်းစစ်တပ် စစ်ကြောင်း ရောက်ရှိလာ

မကွေး မေ ၁၄ မကွေးတိုင်း ဂန့်ဂေါခရိုင် ဆောမြို့ကို အာဏာသိမ်း စစ်တပ် စစ်ကြောင်း ရောက်ရှိသွားပြီလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်တပ်ရဲ့ အင်အား ၅၀၀ ဝန်းကျင်ပါစစ်ကြောင်းဟာ လောင်းရှည် ကပစ ၂၅ မှတဆင့်မေ ၁၂ ရက်နေ့မှာ ထွက်ခွာပြီး ဆောမြို့ကို မေ ၁၄ ရက်နေ့မှာ ရောက်ရှိသွားတာပါ။ “ကာကွယ်ရေးအဖွဲ့တွေတော့…

တရုတ်နဲ့ အမေရိကန်ဟာ ပြိုင်ဖက်တွေမဟုတ်ဘဲ လက်တွဲဖော် ဖြစ်သင့်တယ်လို့ ရှီကျင့်ဖျင် ပြော

ဘေဂျင်း၊ မေ ၁၄ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်ကို လက်ခံ တွေ့ဆုံချိန် တရုတ် သမ္မတ ရှီကျင့်ဖျင်က မိမိတို့ နှစ်နိုင်ငံအနေနဲ့ ပြိုင်ဖက်တွေ မဟုတ်ဘဲ လက်တွဲဖော်တွေ ဖြစ်သင့်ကြောင်း ပြောကြားပြီး ထိုင်ဝမ်နဲ့ ပတ်သက်လို့ အသေအချာ မကိုင်တွယ်ရင် ပဋိပက္ခ ဖြစ်လာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။ ထရန့်က သူနဲ့အတူ ထိပ်တန်း စီးပွားရေး…

နိုင်ငံခြားသား ကျားဖြန့် အများအပြား ဖမ်းမိပြီးနောက် ဗီဇာ ကင်းလွတ်ခွင့်ကို အင်ဒိုနီးရှား ပြန်လည် သုံးသပ်မယ်

ဂျကာတာ၊ မေ ၁၄ တရားမဝင် လောင်းကစားလုပ်ငန်းတွေနဲ့ အွန်လိုင်း လူလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေတယ်လို့ စွပ်စွဲခံထားရတဲ့ နိုင်ငံခြားသား အများအပြားကို အကြိမ်ကြိမ် ဖမ်းဆီးရမိခဲ့ပြီးနောက် အင်ဒိုနီးရှားအစိုးရက အရှေ့တောင်အာရှနိုင်ငံတွေက နိုင်ငံသားတွေအတွက် ဗီဇာမလိုဘဲ ဝင်ရောက်ခွင့်ပြုခဲ့ မူဝါဒကို ပြန်သုံးသပ်မှာ ဖြစ်ကြောင်း ထိပ်တန်း လူဝင်မှု ကြီးကြပ်ရေးအရာရှိ တစ်ဦးက မေ ၁၃ ရက်မှာ ပြောလိုက်ပါတယ်။…

ဘားအံမှာ စစ်တပ်ဗုံးကြဲမှုကြောင့် အရပ်သား တစ်ဦး သေဆုံး၊ ငါးဦး ဒဏ်ရာရ

ဘားအံ၊ မေ ၁၄ ကရင်ပြည်နယ် ဘားအံမြို့နယ် မဲ့ဘောခီးကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ မေ ၁၂ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်မှာ တိုက်ပွဲမရှိဘဲ မဲ့ဘောခီးကျေးရွာကို လေကြောင်းကနေ…

ဘီးလင်း လေးကေရွာကို စစ်တပ် ပြန်လည်ထိန်းချုပ်

ဘီးလင်း၊ မေ ၁၄ တော်လှန်ရေးတပ်ဖွဲ့တွေ စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့တဲ့ မွန်ပြည်နယ် ဘီးလင်းမြို့နယ် လေးကေကျေးရွာကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ မြေပြင်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လေးကေကျေးရွာရှိ စစ်ကော်မရှင်တပ်စခန်းကို ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ စခန်းတိုက်ခိုက်သိမ်းပိုက်ခံရတဲ့ စစ်ကော်မရှင်တပ်ဟာ လေးကေစခန်း ပြန်ရဖို့ အချိန် တစ်လအကြာ…

လက်နက် စွန့်ရင် ဟားမာ့စ်အဖွဲ့ နိုင်ငံရေးအရ ရှင်သန်နိုင်တယ်လို့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ပြော

ဂျေရုစလင်၊ မေ ၁၄ ဟားမာ့စ်အဖွဲ့ အနေနဲ့ လက်နက်ကိုင် ပဋိပက္ခကို ငြင်းပယ်ပြီး သူတို့ရဲ့ လက်နက်တွေနဲ့ စစ်ဖက်ဆိုင်ရာ အဆောက်အဦတွေကို စွန့်လွှတ်မယ်ဆိုရင် အာဏာလွှဲပြောင်းပြီးနောက်မှာ နိုင်ငံရေး အဖွဲ့အစည်း တစ်ခု အဖြစ် ရှင်သန်နိုင်တယ်လို့ ဂါဇာအတွက် ဒေါ်နယ်ထရန့်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင်အထည်ဖော်ရေး တာဝန်ပေးအပ်ခံထားရတဲ့ အကြီးတန်း သံတမန် တစ်ဦးက ပြောလိုက်ပါတယ်။ အမေရိကန်…