နိုင်ငံတကာ

စီးပွားရေးမြှင့်တင်ဖို့ ချေးငွေအတိုးနှုန်းတွေ တရုတ်ဗဟိုဘဏ်လျှော့ချ

ပေကျင်း – ဩဂုတ်(၂၃) အစိုးရရဲ့ တင်းကြပ်တဲ့ ကိုဗစ်မူဝါဒနဲ့ အိမ်ခြံမြေစျေးကွက်ကျဆင်းမှုတို့ကြောင့် စီးပွားရေးမြှင့် တင်ဖို့ ကြိုးပမ်းမှုအဖြစ် တရုတ်ဗဟိုဘဏ်က ချေးငွေနှုန်းထားတွေကို လျှော့ချပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လမှာ ကိုဗစ်ကန့်သတ်ချက်တွေဖြေလျှော့ပေးပြီးနောက် စီးပွားရေးဟာ တိုးတက်မှု ရှိလာပေမယ့် ပုံမှန်ထက် အားနည်းနေသေးတာပါ။ ကော်ပိုရိတ်ချေးငွေတွေအတွက် စံသတ်မှတ်ချက်တစ်ခုအဖြစ် ဆောင်ရွက်တဲ့တစ်နှစ်ချေးငွေ အဓိကနှုန်းထားကို (၃.၇%) မှ (၃.၆၅%) ကို လျှော့ချလိုက်တယ်လို့…

တရုတ်ကွန်မြူနစ်ပါတီနှင့် အဆက်အစပ်ရှိသည့် တရုတ်_ကနေဒါနိုင်ငံသား သူဌေးကြီး ရှောင်ဂျန်ဟွာ ကို ထောင် ၁၃ နှစ်အဖြစ် ရှန်ဟိုင်း ရုံးတော်မှ ချမှတ်

ဘေဂျင်း ၊ သြဂုတ် (၂၁) တရုတ်-ကနေဒါ ဘီလျံနာ ရှောင်ဂျန်ဟွာကို ရှန်ဟိုင်းတရားရုံးတော်က ထောင်ဒဏ် (၁၃)နှစ်နဲ့ ၄င်းရဲ့ Tomorrow Holdings လုပ်ငန်းစုကြီးကို ဒဏ်ကြေး ယွမ် ၅၅.၀၃ ဘီလီယံ ပေးဆောင်ရန် ပြီးခဲ့တဲ့ သောကြာနေ့က အမိန့်ချမှတ်ခဲ့ပါတယ်။ ရှောင် (Xiao) နဲ့ Tomorrow Holdings လုပ်ငန်းစုက အများသူငှာ အပ်ငွေတွေကို…

အနောက်နိုင်ငံတွေက ဖယ်ကျဉ်ထားတဲ့ ရုရှားရဲ့ ကျောက်မီးသွေး ကို တရုတ်ငါးနှစ်အတွင်း အများဆုံးတင်သွင်းခဲ့

ပေကျင်း – ဩဂုတ်(၂၁) အနောက်နိုင်ငံတွေက ယူကရိန်းကို ကျူးကျော်ခဲ့တဲ့အတွက် ရုရှားရဲ့ ကုန်စည်းတွေကို ရှောင်ဖယ် ထားချိန်မှာ တရုတ်က ရုရှားကျောက်မီးသွေးကို လျှော့စျေးနဲ့ဝယ်ယူခဲ့တဲ့အတွက် ဇူလိုင်လအ တွင်းတင်သွင်းခဲ့တာဟာ (၅) နှစ်အတွင်းအမြင့်ဆုံးဖြစ်ခဲ့ပြီး(၁၄) ရာခိုင်နှုန်းတက်လာခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ရုရှားနိုင်ငံက ကျောက်မီးသွေးတန်ချိန်(၇.၄၂) သန်းကို ပြီးခဲ့တဲ့ လက သယ်ယူ လာခဲ့တယ်လို့ အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပြီး အဲ့ဒီပမာဏဟာ…

ကမ္ဘောဒီးယားက ကာစီနိုရုံမှာ ခေါင်းပုံဖြတ်ခံနေရတဲ့ ဗီယက်နမ်လုပ်သားတွေ မြစ်ကိုကူးပြီး ထွက်ပြေးခဲ့

ဖနွမ်းပင် – ဩဂုတ်(၂၁) ကမ္ဘောဒီးယားနိုင်ငံက ကာစီနိုရုံတွေမှာ အခကြေးငွေမရပဲ မတရားခိုင်းစေခံနေရတယ်လို့ သတင်း ထွက်ပေါ်နေတဲ့ ဗီယက်နမ်းနိုင်ငံသားတွေ မြစ်ကိုကူးပြီး သူတို့ရဲ့ ဇာတိမြေကို ထွက်ပြေး သွားတယ်လို့ ဩဂုတ်လ(၁၉) ရက်နေ့က အာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံ နဲ့ အိမ်နီးချင်းဖြစ်တဲ့ ကမ္ဘောဒီးယား ကန်ဒယ်ခရိုင်ဒေသန္တရမှာ ဖွင့်လှစ်ထားတဲ့ Golden Phoenix Entertainment ကာစီနိုရုံက ဝန်ထမ်း(၄၀)…