နိုင်ငံတကာ

ပိုင်ဆိုင်မှုတွေ သိမ်းဆည်းမယ်ဆိုရင် ရုရှား-အမေရိကန်ဆက်ဆံရေး အဆုံးသတ်မှာဖြစ်တယ်လို့ မော်စကို သတိပေး

မော်စကို – ဩဂုတ်(၁၄) ရုရှားရဲ့ ပိုင်ဆိုင်မှုတွေကို အမေရိကန်က သိမ်းယူမယ်ဆိုရင် ဝါရှင်တန်နဲ့ မော်စကိုတို့ရဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကို လုံးလုံးလျားလျား ပျက်ပြားသွားစေလိမ့်မှာဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက မြောက်အမေရိကဌာနအကြီးအကဲရဲ့ ပြောဆိုမှုကို ကိုးကားပြီး TASS သတင်းဌာန ကဖော်ပြထားပါတယ်။ ရုရှားရဲ့ အထူးစစ်ဆင်ရေးလို့ခေါ်တဲ့ သောင်းနဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေကို ယူကရိန်းကို စေလွှတ်ပြီး နောက်ပိုင်း ရုရှားနဲ့ အနောက်နိုင်ငံတွေရဲ့…

ရှီကျင်ဖျင်နဲ့ ဘိုင်ဒန်တို့ ကြားလူချင်းတွေ့ဆုံမှုတစ်ခု ကျင်းပသွားမယ်လို့ Wall Street Journal မှာဖော်ပြ

ပေကျင်း – ဩဂုတ်(၁၄) နိုင်ဝင်ဘာလအတွင်းမှာအရှေ့တောင်အာရှနိုင်ငံတွေကို တရုတ်သမ္မတ ရှီကျင်ဖျင်သွားရောက်ဖို့ ရှိပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့လည်း တွေ့ဆုံသွားမယ့် အစည်းအဝေးတစ်ရပ်လည်း ပါဝင်တယ်လို့ တရုတ်အာဏာပိုင်တွေက ပြောဆိုခဲ့တယ်လို့ Wall Street Journal က အစီရင်ခံ ထားပါတယ်။ ထိုင်ဝမ်အရေး၊ ကုန်သွယ်ရေးနဲ့ တခြားသော ကိစ္စရပ်တွေကြောင့် တင်မာမှုတွေရှိနေတဲ့ အခြေ အနေ တွေလျောပါးသက်သာစေဖို့ ခေါင်းဆောင်နှစ်ဦး ကြား…

လောင်စာဆီနှင့် အစားအသောက်ဈေးနှုန်းများ မြင့်တက်လာမှုကို ကိုင်တွယ်ဖြေရှင်းရန် ခြေလှမ်းသစ်များ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက ကတိပြုခဲ့

တိုကျို ၊ သြဂုတ် (၁၃) စွမ်းအင်နှင့် စားနပ်ရိက္ခာဈေးနှုန်းများ မြင့်တက်ခြင်းနဲ့ စီးပွားရေးဆိုင်ရာ ထိုးနှက်ချက်များကို တွန်းလှန်ဖို့အတွက်။ နောက်ထပ်အစီအမံများ ချမှတ်ဆောင်ရွက်ကြဖို့ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက သူရဲ့ အစိုးရကို ဩဂုတ်လ (၁၂)ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ လက်လီရောင်းချသူတွေနဲ့ အိမ်ထောင်စုတွေရဲ့ နေထိုင်မှုစရိတ်စကတွေကို ရင်ဆိုင်ဖြေရှင်းနိုင်မည့် အစီအမံများအား တနင်္လာနေ့မှာပြုလုပ်မယ့် အစိုးရအစည်းအဝေးတစ်ခုမှာ ဆွေးနွေးပြီး ဝန်ကြီးချုပ်က အမိန့်ထုတ်ပြန်မည်ဖြစ်ကြောင်း…

သီရိလင်္ကာ ဖြုတ်ချခံသမ္မတ ဂိုတာဘာရာ ရာဂျာပက်ဆာ ထိုင်းနိုင်ငံကိုရောက်ရှိလာ

ဘန်ကောက် – ဩဂုတ်(၁၃) သီရိလင်္ကာ ဖြုတ်ချခံသမ္မတ ဂိုတာဘရာ ရာဂျာပက်ဆာဟာ နိုင်ငံက ထွက်ပြေးပြီးနောက် အရှေ့တောင်အာရှမှာ ယာယီခိုလှုံနေထိုင်ဖို့ ဒုတိယနိုင်ငံအဖြစ် ထိုင်းနိုင်ငံကိုဩဂုတ်လ (၁၁) ရက်နေ့မှာ ရောက်ရှိလာတယ်လို့ ဘန်ကောက်ပိုစ့် သတင်းဌာနက ဖော်ပြထားပါတယ်။ မစ္စတာ ဂိုတာဘရာဟာ စင်္ကာပူနိုင်ငံ Seletar လေဆိပ်ကနေ ထိုင်းဒွန်မောင်းလေဆိပ်ကိုည(၈) နာရီမှာ ရောက်ရှိလာခဲ့တာပါ။ ထောင်ပေါင်းများစွာသော ဆန္ဒပြပြည်သူတွေဟာ သမ္မတအိမ်တော်နဲ့…

ထိုင်းမှာ ကိုဗစ်လူနာ ၂၃၆၁ဦးအနက် ၃၅ဦးနဲ့အထက်သေဆုံး ဟုဆို

ဘန်ကောက် – ဩဂုတ်(၁၂) ထိုင်းနိုင်ငံမှာ ဒီနေ့အထိ ကိုဗစ်ဖြစ်ပွားသူ ၂၃၁၆ယောက်ရှိပြီး ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းသေဆုံးသူ ၃၅ယောက်အထိရှိခဲ့တယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာ နကထုတ်ပြန်လိုက်တယ်လို့ ဘန်ကောက်ပိုစ့်သတင်းအရ သိရပါတယ်။ ဒါဟာမနေ့က ကျန်းမာရေးဝန်ကြီးဌာနက အစီရင်ခံထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးရမှုဖော်ပြချက်ထက် ပိုများလာနေတယ်လို့လည်းဆိုပါတယ်။ မနေ့က ကိုဗစ်လူနာ ၂၀၇၆ ယောက် ရောဂါပြန်လည်သက်သာလာလို့ ဆေးရုံကဆင်းခဲ့ရသလို ၂၁၃၀၄ယောက်ကတော့ ကုသမှုခံယူနေရဆဲဖြစ်တယ်လို့ဖော်ပြခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ…

တောင်ကိုရီးယားကို အလုပ်အကိုင်အခွင့်အလမ်းအတွက် သွားရောက်တဲ့ထိုင်လူမျိုး အရေ အတွက်ပိုများလာ

ဆိုးလ် – ဩဂုတ်(၁၂) ထိုင်းနိုင်ငံသားတွေဟာ တောင်ကိုရီးယားကို အလည်ဗီဇာနဲ့ ထွက်ပြီး တရားမဝင်အလုပ်ရှာဖွေ တာပိုမိုများပြားလာနေတယ်လို့ ထိုင်းပြည်ပ ခရီးသွားလုပ်ငန်းတွေရဲ့ တင်ပြချက်တွေအရ သိရ တယ်လို့ ဘန်ကောက်ပိုစ့် သတင်းဌာနမှာ ဖော်ပြထားပါတယ်။ အလုပ်ရှာဖွေသူတွေဟာ အုပ်စုလိုက်ခရီးသွားတွေနဲ့ ရောနှောပြီး ထိုင်းနိုင်ငံကနေ ထွက်ခွာကာ တောင်ကိုရီးယားကိုရောက်ရှိချိန်မှာတော့ ဒေသခံတွေလိုအယောင်ဆောင်ပြီး ထွက်ပြေးလွတ် မြောက်နေကြတာဖြစ်တယ်လို့ ဖော်ပြထားတာပါ။ လက်ရှိမှာ တရားမဝင်အလုပ်ရှာသူအရေအတွက်ဟာ အမှန်တကယ်ခရီးသွားအရေအတွက်ထက်…

ထိုင်ဝမ်း ငါးတင်သွင်းခွင့် တရုတ်က တားမြစ်လိုက်ပြီးနောက် စျေးကွက်သစ်တွေကို ရောင်းချ နေရ

တိုင်ပေ – ဩဂုတ်(၁၂) အမေရိကန် အောက်လွှတ်တော်ဥက္ကဌ နန်စီပေလိုစီရဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က ထိုင်ဝမ်ကို မသွားရောက်ခင်ထဲက ငါးမွေးမြူရေးသမားတွေဟာ သူတို့ရဲ့ အဓိက ဝင်ငွေရင်းမြစ်ဖြစ်တဲ့ တရုတ်ကို ကုန်သွယ်မှုဖြတ်တောက်ခံလိုက်ရတဲ့အတွက် စျေးကွက်သစ်ရှာဖွေနေရတယ်လို့ သိရပါတယ်။ တရုတ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်တို့ကြား တင်းမာနေချိန် တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ ဇွန်လ ကတားမြစ်ဓာတုပစ္စည်းတွေကို ပိတ်ပင်ခဲ့ပြီး ချန်ရဲ့ အဓိက ထုတ်ကုန်ဖြစ်တဲ့…

ကျွန်းကို သိမ်းပိုက်နိုင်ရင် ထိုင်ဝမ်ကို တပ်ဖွဲ့ဝင်တွေ စေလွှတ်မှာ မဟုတ်ဘူးဆိုတဲ့ကတိကို တရုတ်ရုပ်သိမ်း

ဘေဂျင်း ၊ သြဂုတ် (၁၁) ကျွန်းကို ထိန်းချုပ်နိုင်ရင် ထိုင်ဝမ်ကို တပ်ဖွဲ့ဝင် ဒါမှမဟုတ် အုပ်ချုပ်ရေးဝန်ထမ်းတွေ စေလွှတ်မှာ မဟုတ်ဘူးဆိုတဲ့ ကတိကို တရုတ်က ရုပ်သိမ်းလိုက်ပြီး တရုတ်သမ္မတရှီကျင့်ဖျင်က အရင်ကကမ်းလှမ်းထားတာထက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုနည်းတဲ့ဆုံးဖြတ်ချက်ကို အချက်ပြလိုက်ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်အပေါ် တရုတ်နိုင်ငံရဲ့ ရပ်တည်ချက် စက္ကူဖြူစာတမ်းမှာ ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ…

မြန်မာမှာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုင်ရာအထောက်အထားတွေကို ကုလသမဂ္ဂစုံစမ်းစစ်ဆေး

ရန်ကုန် – ဩဂုတ်(၁၁) မြန်မာနိုင်ငံမှာ လူသတ်မှုညှဉ်းပန်းနှိပ်စက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အပါအဝင် လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေများပြားလာတယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ် ဆေးရေးမှူးတွေက ဩဂုတ်လ(၉) ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကုလသမဂ္ဂနဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM) က ကျူးလွန်ခံရသူတွေမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဟာ အထူးပစ်မှတ်ထားခံနေတယ်လို့ ဆိုထားပါတယ်။ “၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ…

သီရိလင်္ကာဖြုတ်ချခံ သမ္မတ ထိုင်းမှာ နိုင်ငံရေးခိုလှုံခွင့်တောင်းခံမယ်

ဘန်ကောက် – ဩဂုတ်(၁၁) သီရိလင်္ကာနိုင်ငံရဲ့ ဖြုတ်ချခံထားရတဲ့ သမ္မတ ဂိုတာဘာရာ ရာဂျာပတ်ဆာ ဟာ ပြီးခဲ့တဲ့လက နိုင်ငံကနေထွက်ပြေးခဲ့ပြီးနောက် အရှေ့တောင်အာရှိမှာ ယာယီခိုလှုံနေထိုင်ဖို့ ဒုတိယနိုင်ငံ အဖြစ် ထိုင်းနိုင်ငံကို ဩဂုတ်လ(၁၁) ရက်နေ့မှာ ရောက်ရှိလာနိုင်တယ်လို့ ဘန်ကောက်ပိုစ့်မှာ ဖော်ပြထား ပါတယ်။ တိုင်းပြည်ရဲ့ အဆိုးရွားဆုံး စီးပွားရေးအကြပ်အတည်းကြောင့် မငြိမ်သက်မှုတွေနဲ့ အဆိုးဆုံး အငတ်ဘေးဆိုက်မှုတွေဖြစ်ပေါ်ပြီးနောက် ထောင်ပေါင်းများစွာသော ဆန္ဒပြ…