စီးပွားရေး

ပုဂ္ဂလိကဘဏ်တချို့ ပြန်လည်ဖွင့်လှစ် ၊ ငွေထုတ်ဖို့ စောင့်ဆိုင်းနေသူ ရာနှင့်ချီ ရှိ

မော်လမြိုင် ၊ ဧပြီ (၅) မော်လမြိုင်မြို့က KBZ ၊ CB နှင့် ဧရာဝတီ ဘဏ်ခွဲတချို့ ပြန်လည် ဖွင့်လှစ်နေတာဖြစ်ပြီး ငွေလာထုတ်သူတွေက ရာနှင့်ချီ ရှိနေပါတယ်။ ဘဏ်တွေက ငွေထုတ်ပေးရာမှာ အလှည့်ကျတိုကင်စနစ်နဲ့ ဆောင်ရွက်ပေးနေတဲ့အတွက် ငွေလာထုတ်သူတွေက နာရီနှင့်ချီ စောင့်ဆိုင်းရတဲ့ ပြဿနာတွေလည်း ရှိနေပါတယ်။ ဒါကြောင့် အချို့ပြည်သူတွေက အရင်ဦးဆုံးငွေထုတ်ခွင့်ရဖို့အတွက် မနက် (၄)နာရီကျော်ကတည်းက…

CDM လုပ်တဲ့ မီးရထားဝန်ထမ်းတွေ စီးပွားရေးကြပ်တည်းလာ

မော်လမြိုင် ၊ ဧပြီ (၂) အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ လှုပ်ရှားမှု CDM မှာ ပါဝင်နေတဲ့ မီးရထားဝန်ထမ်းတွေဟာ အချိန်ကြာလာတာနဲ့အမျှ စီးပွားရေးကြပ်တည်းတဲ့ ပြဿနာတွေကို ရင်ဆိုင်လာရပါတယ်။ မော်လမြိုင်မြို့မှာတော့ မီးရထားဝန်ထမ်း (၆၀) ကျော်ဟာ CDM မှာ ပါဝင်ခဲ့ပြီး အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။ အဲ့ဒီလို ပါဝင်ခဲ့သူတွေကို စစ်အုပ်စုက ဖိအားပေးလို့…

မွန်ပြည်နယ်ထွက်ငါးတွေကို တရုတ်စျေးကွက်ထံ ပြန်လည်တင်ပို့

မော်လမြိုင် ၊ ဧပြီ (၁) မွန်ပြည်နယ်ထွက် ပြည်ပတင်ပို့တဲ့ငါး (၅၀) ရာခိုင်နှုန်းနီးပါးကို တရုတ်စျေးကွက်ထံ ပြန်လည်တင်ပို့ရောင်းချနေပြီးလို့ ငါးလုပ်ငန်းရှင်တွေက ပြောပါတယ်။ မွန်ပြည်နယ်ထွက် ငါးတွေကို ပြည်ပပို့ကုန်အနေနှင့် တရုတ် ၊ မလေးရှားအပါအဝင် အိမ်နီးချင်းနိုင်ငံတွေထံ အဓိက တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီး (၁)လနီးပါးကြာမြင့်ချိန်မှာ မွန်ပြည်နယ်ရဲ့ ပြည်ပတင်ပို့တဲ့ ငါးလုပ်ငန်း ရာနှုန်းပြည့်နီးပါး ရပ်ဆိုင်းခဲ့ရပါတယ်။ အခုအခါမှာတော့…

ငွေထုတ်ယူခွင့် ပမာဏကို ကန့်သတ်ထားတဲ့အတွက် အခက်တွေ့

မော်လမြိုင် ၊ မတ် (၃၁) လူပုဂ္ဂိုလ်တွေ ဘဏ်မှာ အပ်နှံထားတဲ့ ငွေတွေကို ထုတ်ယူရာမှာ ပမာဏတွေ ကန့်သတ်ထားတဲ့အတွက် အခက်အခဲများစွာ ရင်ဆိုင်နေရတယ်လို့ ပြည်သူတွေက ပြောပါတယ်။ လူတစ်ဦးဟာ ကိုယ်အပ်နှံထားတဲ့ ငွေကိုထုတ်ယူရာမှာ ATM စက်ကနေ တစ်ရက်ကို အများဆုံး (၅) သိန်း ၊ ဘဏ်ကိုသွားပြီး ငွေစာရင်းကနေ ထုတ်ယူမယ်ဆိုရင် တစ်ပတ်ကို အများဆုံး…

ညမထွက်ရအမိန့်ကြောင့် ရာဘာအစေးခြစ်လုပ်သားတွေ အခက်တွေ့

မော်လမြိုင် ၊ မတ် (၂၆) မွန်ပြည်နယ်မှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့အတွက် ညပိုင်းအစေးခြစ်ရတဲ့ ရာဘာလုပ်သားတွေက အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မွန်ပြည်နယ်မှာ ရာဘာစိုက်ဧက ငါးသိန်းကျော်ရှိပြီး နှစ်စဉ် ရာဘာတန်ချိန် တစ်သိန်းကျော်ကို ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ မွန်ပြည်နယ်တဝှမ်းက မြို့နယ်တွေမှာ ည (၈)နာရီကနေ မနက် (၄)နာရီအထိ အပြင်မထွက်ရတဲ့ ညမထွက်ရအမိန့်တွေ…

အာဏာသိမ်းပြီးနောက် မတ်ပဲစျေးဆက်တိုက်ကျလို့ လုပ်ငန်းရှင်တွေ အရှုံးပေါ်

မော်လမြိုင် ၊ မတ် (၂၀) စစ်တပ်အာဏာသိမ်းပြီး(၄၈)ရက်အကြာ မွန်ပြည်နယ် စျေးကွက်မှာ မတ်ပဲစျေးတွေ ဆက်တိုက်ကျဆင်းနေလို့ လုပ်ငန်းရှင်တွေ အရှုံးပေါ်နေပါတယ်။ ဖေဖော်ဝါရီ လဆန်းပိုင်းကနေ ယခုချိန်ထိ မတ်ပဲစျေးတွေ ဆက်တိုက်ကျဆင်းလာတာဖြစ်ပြီး တစ်ရက်ထက် တစ်ရက် ကျပ် ၅၀၀၀ ၊ ၁၀၀၀၀ နှုန်းစီ ဆက်တိုက် စျေးနှုန်းကျဆင်းလာတာလို့ ဆိုပါတယ်။ စျေးနှုန်းကျဆင်းရတဲ့ အဓိကအကြောင်းအရင်းကတော့ စစ်တပ်အာဏာသိမ်းပြီးနောက် ဘဏ်လုပ်ငန်းတွေ…

စားသောက်ကုန်ပစ္စည်းတွေ အရောင်းအဝယ် အေးနေ

မော်လမြိုင် ၊ မတ် (၁၂) မွန်ပြည်နယ်အတွင်းစျေးကွက်မှာတော့ စားသောက်ကုန်တွေ အရောင်းအဝယ်အေးနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလအစောပိုင်းမှာတော့ စားသောက်ကုန်တွေကို ပြည်သူတွေက အလုအယက် ဝယ်ယူခဲ့ကြလို့ စျေးကွက်မှာ ကုန်ပစ္စည်းတွေ ပြတ်လပ်ခဲ့ရပါတယ်။ လက်ရှိမှာတော့ ဆန်ဆိုင်တွေမှာ အရောင်းအဝယ်အေးနေပြီး ယခုရက်ပိုင်းအတွင်း ဝယ်သူက မရှိသလောက် ဖြစ်နေတယ်လို့ ဆန်ရောင်းသူတွေက ပြောပါတယ်။ “ယောက်ယက်ခတ်ပြီးတော့ လူတွေစိတ်ပူပြီးတော့ ဝယ်လိုက်ကြတဲ့…

စပါးစျေး ကျပ်(၂)သိန်းကျော် မြင့်တက်

မော်လမြိုင် ၊ မတ် (၉) စစ်တပ်အာဏာသိမ်းပြီး တစ်လအကြာမှာတော့ မွန်ပြည်နယ်အတွင်းမှာ စပါးတင်းတစ်ရာကို ကျပ်(၂)သိန်းကျော်အထိ စျေးနှုန်းမြင့်တက်ခဲ့ပါတယ်။ ယခင်က ပေါ်ဆန်းမွှေး တင်းတစ်ရာကို ကျပ်(၉)သိန်းကျော်သာ စျေးရရှိခဲ့ပေမယ့် လက်ရှိမှာတော့ (၁၁)သိန်းကျော်အထိ စျေးရနေတယ်လို့ စပါးကုန်သည်တွေက ပြောပါတယ်။ ဒေသထွက် ဆန်မာအုပ်စုတွေလည်း စျေးလိုက်တက်ခဲ့ပေမယ့် ပေါ်ဆန်းမွှေးလောက်တော့ စျေးမရဘူးလို့ မွန်ပြည်နယ် ဆန်ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးတင်မြင့်ဦးက ဆိုပါတယ်။…

အဆင့်မြင့်ရာဘာ(RSS-1) တစ်ပေါင်ကို ကျပ် ၉၈၀ အထိ စျေးမြင့်တက်

မော်လမြိုင်၊ မတ် (၉) ကမ္ဘာ့စျေးကွက်မှာ ရာဘာစျေး မြင့်တက်လာတာနဲ့အတူ ပြည်တွင်းစျေးကွက်မှာလည်း ရာဘာစျေးဟာ အနည်းငယ် မြင့်တက်ခဲ့ပါတယ်။ ယခင်က အဆင်မြင့်ရာဘာ ပေါက်စျေး တစ်ပေါင်ကို ကျပ် (၇၅၀) ရှိရာကနေ လက်ရှိမှာတော့ ကျပ် (၁၀၀၀)နီးပါးအထိ စျေးနှုန်း မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိပြည်တွင်းစျေးကွက်မှာ အဆင့်မြင့်ရာဘာ(RSS -1) တစ်ပေါင်ကို ကျပ် ၉၅၀ ကနေ…

ဖျက်သိမ်းလိုက်တဲ့ ထားဝယ်စီမံကိန်းစာချုပ်ကို ပြန်လည်ပြင်ဆင်ဖို့ ထိုင်းဝန်ကြီးချုပ် လုပ်ဆောင်

မော်လမြိုင် ၊ ဇန်နဝါရီ (၁၈) ဝန်ကြီးချုပ် ပရာရွတ်သည် ဖျက်သိမ်းလိုက်တဲ့ ထားဝယ်စီမံကိန်း စာချုပ်ကို ပြင်ဆင်ရန် စတင်လုပ်ဆောင်နေပါတယ်။ ထိုင်းနိုင်ငံရဲ့ စတော့အိတ်ချိန်း စာရင်းတွင် လက်တလော နှောင့်နှေးမှု ရှိခဲ့တဲ့ အီတာလျံ ထိုင်းဖွံ့ဖြိုးတိုးတက်မှု (ITD) ရဲ့ လုပ်ပိုင်ခွင့်များရပ်စဲမှု ရှိနေသော်လည်း ထိုင်းနိုင်ငံဟာ ထားဝယ် ဖွံ့ဖြိုးရေးစီမံကိန်းတွင် ဆက်လက် တည်ရှိနေဆဲ ဖြစ်တယ်လို့ ဝန်ကြီးချုပ်…