သတင်းဓါတ်ပုံ

ကော်သူးလေအခြေခံစစ်ပညာသင်တန်းဆင်းပွဲ

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေ တနေရာတွင် ကော်သူးလေအခြေခံစစ်ပညာသင်တန်းတစ်ခု အပတ်စဥ်(၁) ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သုံးလတာကြာမြင့်ပြီးနောက် သင်တန်းဆင်းပွဲကို ဒီကနေ့တွင်ကျင်းပပြုလုပ်ခဲ့ပါတယ်။ အနယ်နယ်အရပ်ရပ်က စစ်ပညာသင်ကြားရန်ရောက်ရှိသူများဟာ သင်တန်းကို ကောင်းစွာပြီးစီးတက်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။ သတင်းဓါတ်ပုံ – သံလွင်တိုင်းမ်

ကရင်ရိုးရာချည်ဖြူဖွဲ့ပွဲတော်

မော်လမြိုင်၊ သြဂုတ် ၂၆ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို မော်လမြိုင်မြို့ တောင်ပေါ်တန်းရပ် အတုလရန်အောင်ဘုန်းကြီးကျောင်းတွင် ယနေ့မနက် ၇နာရီခွဲတွင် ကျင်းပခဲ့သည်။ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားမှာ ကရင်အမျိုးသားတို့သည် တစ်ဦးနှင့်တစ်ဦးပြန်လည်မှတ်မိစေရန်၊ အချင်းချင်းအသိအမှတ်ပြုစောင့်ရှောက်နိုင်စေရန်တို့ကို ရည်ရွယ်ပြီး ဘိုးဘွားများက လက်ကောက်ဝတ်အသီးသီးတွင် အမှတ်အသားများအဖြစ် ချည်ဖွဲ့နှောင့်ခဲ့ပေးရာမှာ အစပြုခဲ့ခြင်းဖြစ်သည်။ ချည်ဖြူဖွဲ့မင်္ဂလာအဆောင်အယောင် (၇)မျိုးရှိသည်။ ၎င်းတို့မှာ- (၁)ရေကြည်တစ်ခွက် (၂)ချည်ဖြူသုံးခင် (၃)ထမင်းဆုပ်ခုနှစ်ဆုပ် (၄)ကောက်ညှင်းထုပ်ဖင်ချွန်ခုနှစ်ထုပ် (၅)ဌက်ပျော်သီးမှည့်ခုနှစ်လုံး (၆)နတ်ပန်းညို(ဖဝ်ဝီ)ခုနှစ်ခက် (၇)ကြံပိုင်းခုနှစ်ပိုင်းတို့…

မော်လမြိုင်ရှိ မူလတန်းကျောင်းတစ်ကျောင်းဖောက်ထွင်းခံရ မိုင်းထောင်ထားသည်ဟုပါ ခြိမ်းခြောက်ခဲ့

မော်လမြိုင်၊ သြဂုတ် ၂၇ မော်လမြိုင်မြို့၊ သီရိမင်္ဂလာရပ်ကွက် အမှတ်(၂)မူလတန်းလွန်ကျောင်းတွင် ပြီးခဲ့သည့်ကျောင်းပိတ်ရက်အတွင်း ဖောက်ထွင်းမှုဖြစ်ပွားခဲ့ကြောင်းနှင့် မိုင်းထောင်ထားသည်ဟု ခြိမ်းခြောက်စာကို ကျောင်း၏ ဘုတ်ပေါ်တွင်ပါရေးသားခဲ့သည်ကို တွေ့ရှိရကြောင်း ကျောင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။ ဖောက်ထွင်းမှုကြောင့် ကျောင်းရှိငွေကျပ်ငါးသိန်းပျောက်ဆုံးခဲ့သည့်အပြင် ကျောင်းတွင်မိုင်းထောင်းထားသည်နှင့် အခြားသော စာများကို ကျောင်း၏ ကျောက်သင်ပုန်းတွင် ရေးသားထားသည်ကို တွေ့ရသည်ဟု ကျောင်းတာဝန်ခံထံမှ သိရသည်။ ကျောင်း၏ ကျောက်သင်ပုန်းဘုတ်တွင် ရေးသားထားသော စာများမှာ…

မွန်ဒေသလုံးဆိုင်ရာ စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲကို လူ ၁၂၀၀ ခန့်ဝင်ရောက်ဖြေဆို

မော်လမြိုင်၊ မေ ၂၁ (၁၉)ကြိမ်မြောက် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်ကြားရေးအဖွဲ့ စာဖြေပွဲအခမ်းအနားကို မေလ(၂၁)ရက်နေ့က မော်လမြိုင်မြို့ တောင်ပေါ်တန်းရှိ သာသနာ၂၅၀၀ ကျောင်းတွင် ကျင်းပခဲ့သည်။ အဆိုပါစာဖြေပွဲတွင် မုတ္တမသမိုင်း၊ ဟံသာဝတီသမိုင်း၊ သုဝဏ္ဏဘူမိသမိုင်း၊ မွန်ယဉ်ကျေးမှုသမိုင်း၊ အဘိဓမ္မာ၊ မွန်စာပေသမိုင်း စတဲ့ဘာသာရပ်(၆)မျိုးကို ဖြေကြားခဲ့သည်။ စာဖြေပွဲကို မွန်ဒေသလုံးဆိုင်ရာအဖွဲ့တွေဖြစ်တဲ့ မန္တလေး၊ရန်ကုန်၊ ပဲခူး၊ ကရင်ရှိ မြို့နယ် (၁၈)…

(၁၈၄) ကြိမ်မြောက် မော်လမြိုင်မြို့လုံးကျွတ် ဆွမ်းဆန်လောင်းလှူပွဲပုံရိပ်များ

မော်လမြိုင်၊ စက်တင်ဘာ ၁၅ မော်လမြိုင်မြို့၏ (၁၈၄)ကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းဆန်လောင်းလှူပွဲကို စက်တင်ဘာ(၁၄)ရက်နေ့က ဇေယျာသီရိရပ်ကွက်မှ သာယာကုန်းရပ်ကွက်အထိ၊ စက်တင်ဘာလ(၁၅)ရက်နေ့က သာယာကုန်းရပ်ကွက်မှ သီရိမြိုင်ရပ်ကွက်အထိ သံဃာနှင့် သီလရှင် အပါး(၉၀၀၀)ကျော်အား မော်လမြိုင်မြို့သူ့/သားများမှ ဆွမ်းဆန်များလောင်းလှူခဲ့ကြသည်။ ဓါတ်ပုံ – တီအယ်လ်အေ