Thanlwintimes

စလင်း စစ်ရှောင်တွေအတွက် ခြင်ထောင် အရေးပေါ် လိုအပ်နေ

မကွေး မေ ၁၂ မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့နယ်က စစ်ရှောင်တွေအတွက် ခြင်ထောင်တွေ အရေးပေါ် လိုအပ်နေတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကနေ သိရပါတယ်။ လူဦးရေ ၉၀၀ ရှိတဲ့ စစ်ရှောင်တွေဟာ ခြင်ကိုက်ခံရလို့ ကျန်းမာရေးထိခိုက်မှုတွေရှိနေပြီး ခြင်ထောင်တွေ လိုအပ်နေတာပါ။ “အဓိက ခြင်ထောင်လေးတွေ အ‌ရေး‌ပေါ် လိုအပ်နေလို့ အစ်ကိုရေ။ စစ်ရှောင်ရင်း ခြင်တွေ ကိုက်ပြီး ကျန်းမာရေး…

ရွှေကျင် ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ်

ရွှေကျင်၊ မေ ၁၂ ပဲခူးတိုင်း ရွှေကျင်မြို့နယ်အခြေစိုက် အမှတ် ၅၉၈ ခြေမြန်တပ်ရင်းဌာနချုပ်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ မေ ၁၂ ရက်နေ့ထုတ် စစ်ကောင်စီ ဝါဒဖြန့် သတင်းစာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို စစ်ကောင်စီက မေ ၁၁ ရက်နေ့ မနက်ပိုင်းမှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က…

တရုတ်စီမံကိန်း ဘေးကင်းလုံခြုံမှုအတွက် စစ်ခေါင်းဆောင်က သမ္မတရှီကျင့်ဖျင်ကို အစွမ်းကုန်အာမခံ

မော်စကို ၊ မေ ၁၁ မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းနဲ့ ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံမှုကို အစွမ်းကုန်အာမခံပေးသွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားနိုင်ငံမော်စကိုမြို့မှာ တွေ့ဆုံခဲ့တဲ့ တ ရုတ်သမ္မတနဲ့ ဆွေးနွေးမှုအတွင်း ပြောကြားခဲ့ပါတယ်။ ရုရှားနိုင်ငံ မော်စကိုမြို့မှာ ကျင်းပခဲ့တဲ့ မဟာမျိုးချစ် စစ်အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်လာတဲ့ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်နဲ့…

ထိုင်းနယ်စပ်က စစ်ကောင်စီရဲ့ တာလယ်ဗျူဟာစခန်းကို KNLA ပူးပေါင်းအဖွဲ့ စတင်တိုက်ခိုက်

လှိုင်းဘွဲ၊ မေ ၁၁ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် တာလယ်ကျေးရွာမှာ ခြေကုပ်ယူတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းအဖွဲ့တွေ စတင်တိုက်ခိုက်နေပြီး စခန်းမကျရေးအ တွက် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေးနေတယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ နယ်မြေသတ်မှတ်ချက်အရ တာလယ်ကျေးရွာဟာ တပ်မ ဟာ ၇ နယ်မြေ ဖားအံခရိုင်၊ တာကရယ်(ပိုင်ကျုံ)မြို့နယ်ထဲမှာ…

ရေးမှာ စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး အရာရှိအပါအဝင် လေးဦးသေဆုံး

ရေး၊ မေ ၁၁ မွန်ပြည်နယ် ရေးမြို့နယ် ကူးတို့ဆိပ်နဲ့ ကားဆိပ်ကျေးရွာကြားမှာ စစ်ကောင်စီတပ် ကြားဖြတ်တိုက် ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် လေးဦးသေဆုံးခဲ့တယ်လို့ တော် လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။ မေ ၁၀ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ အင်အား ၈၀ ကျော်နဲ့ လမိုင်းမြို့ကနေတဆင့် ကူးတို့ဆိပ်ကျေးရွာကို ကားနဲ့ဆင်းသွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကူးတို့ဆိပ်ကျေးရွာကနေ…

ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်တွေ ပြန်လည်ပြေးဆွဲ

မော်လမြိုင် ၊ မေ ၁၁ မိုင်းခွဲဖျက်ဆီးခံရတဲ့ ရထားလမ်း ပြန်လည်ပြင်ဆင်မှု ပြီးစီးသွားပြီးဖြစ်တဲ့အတွက် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်တွေကို မေ ၁၀ ရက်နေ့ကစလို့ ပြန်လည်ပြေးဆွဲနေပြီလို့ မော်လမြိုင်ဘူတာကြီးက အသိပေးထုတ်ပြန်ပါတယ်။ မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းရှိ ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းဖြစ်တဲ့ နှင်းပုလဲဘူတာနဲ့ တောင်စွန်းဘူတာကြားရှိ ရထားလမ်းတံတား အမှတ် ၆၅ ဟာ ပြီးခဲ့တဲ့ မေ ၅ ရက်နေ့…

ICC မှာ အဖမ်းခံထားရတဲ့ ဒူတာတေး မြို့တော်ဝန် ရွေးကောက်ပွဲ ဝင်ပြိုင်

ဒါဗောင် စီးတီး၊ မေ ၁၀ ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးဟာ သည်ဟေ့ဂ်မြို့မှာ ဖမ်းဆီးခံထားရပြီး သူ့ရဲ့ သမ္မတ သက်တမ်းအတွင်း လူထောင်ပေါင်းများစွာ သေဆုံးခဲ့တဲ့ မူးယစ်ဆေးဝါး နှိမ်နင်းမှုအတွက် အမှု ရင်ဆိုင် နေရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ မွေးရပ်မြို့ ဒါဗောင်စီးတီးမှာတော့ သမ္မတဟောင်း ဒူတာတေးဟာ ကြားဖြတ်ရွေးကောက်ပွဲအတွင်း မြို့တော်ဝန် ရာထူးအတွက် ပါဝင်ယှဉ်ပြိုင်နေပြီး သူအနိုင်ရမယ်လို့…

မြန်မာ့နိုင်ငံရေး လုပ်ငန်းစဉ် ရှေ့တိုးဆောင်ရွက်ရာမှာ ဆင်ခြင်စဉ်းစားဖို့ စစ်ခေါင်းဆောင်ကို ရှီကျင့်ဖျင် တိုက်တွန်း

မော်စကို၊ မေ ၁၀ ရုရှားနိုင်ငံ မော်စကိုမြို့မှာ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ မေ ၉ ရက် တွေ့ဆုံမှုအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က မြန်မာ့နိုင်ငံရေး လုပ်ငန်းစဉ်ကို ရှေ့တိုးဆောင်ရွက်ရာမှာ ဆင်ခြင်စဉ်းစားပြီးတော့ လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး မော်နင်က လူမှုမီဒီယာ X ပေါ်မှာ ရေးသားခဲ့ပါတယ်။ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေး၊ နယ်နိမိတ်ဆိုင်ရာ ဂုဏ်သိက္ခာနဲ့…

မကွေးက စာသင်ကျောင်းဗုံးကြဲမှု PDF အများအပြားသေဆုံးတယ်လို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား ++++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့“မကွေးတိုင်း ဆောမြို့နယ် အညာကတင်းကျေးရွာ စာသင်ကျောင်း ဗုံးကြဲမှု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF အများအပြား သေဆုံးတယ်”ဆိုပြီး စစ်ကောင်စီဘက်က သတင်းမှားဖြန့်ချီနေတဲ့အကြောင်းကို စိစစ်ပေးသွားမှာပါ။ ဒီအကြောင်းကို စစ်ကောင်စီတပ် လော်ဘီတွေရဲ့…

ပုလောမြို့မရဲစခန်း ဝင်တိုက်ခံရလို့ ဒုရဲအုပ်အပါအဝင် နှစ်ဦးသေဆုံး

ပုလော၊ မေ ၁၀ တနင်္သာရီတိုင်း ပုလောမြို့ရှိ ပုလောမြို့မရဲစခန်း ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် ဒုရဲအုပ်အ ပါအဝင် ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မြိတ်ခရိုင်တပ်ရင်း ၁ ထံကနေ သိရပါတယ်။ မနေ့ မေ ၉ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပုလောမြို့မရဲ စခန်းကို အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု…