ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အရေးပေါ်အခြေအနေကို ထပ်မံတိုးမြှင့်
တိုကျို၊ စက်တင်ဘာ ၉ ဂျပန်အစိုးရသည် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ နိုင်ငံ့အရေးပေါ်အခြေအနေကို တိုကျိုနှင့် အိုစကာမြို့အပါအဝင် ၁၉ မြို့များတွင် စက်တင်ဘာလကုန်အထိ တိုးမြှင့်ရန် အစီအမံတစ်ရပ်ကို ရေးဆွဲလိုက်ပါသည်။ ကျွမ်းကျင်ပညာရှင်များပါဝင်သော အဆိုပါအကြံပေးအဖွဲ့က ၎င်းအစီအမံကို ကြာသပတေးနေ့က ကျင်းပသော အစည်းအဝေး၌ ရှင်းလင်းတင်ပြခဲ့ပါသည်။ မူလတွင် ဂျပန်နိုင်ငံ၏ ၂၁ မြို့များ၌ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ နိုင်ငံ့အရေးပေါ်အခြေအနေကို စက်တင်ဘာ ၁၂အထိ သတ်မှတ်ထားရှိခဲ့သည်။…