ယာဉ်လိုင်းအများစု အပြီးပိုင် ရပ်နားရမယ့် အခြေအနေနဲ့ ကြုံတွေ့နေရ
မော်လမြိုင်၊ စက်တင်ဘာလ ၂၂ စစ်တပ် အာဏာသိမ်းတာနဲ့ ကိုဗစ်သက်ရောက်မှုတွေကြောင့် မွန်ပြည်နယ်အတွင်းက ယာဉ်လိုင်းအများစု အပြီးပိုင် ရပ်နားရတော့မယ့် အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ ယာဉ်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ယာဉ်လိုင်းတွေဟာ စက်သုံးဆီ ဈေးနှုန်း ဆက်တိုက်မြင့်တက်လာတာ၊ ခရီးသည် နည်းပါးလာတာ၊ ကုန်ပစ္စည်းတင်ပို့မှု နည်းပါးလာတဲ့အတွက်ကြောင့် အရှုံးနဲ့ ရင်ဆိုင်နေရပါတယ်။ “အခုက ကိုယ်ဟာကိုယ် အိတ်စိုက်ပြီး လုပ်နေရတယ်၊ ကားထွက်ရုံလောက်ပဲ…