ရေးမြို့နယ်မှာ မီတာခ စံချိန်တင် ဈေးနှုန်း မြင့်တက်လာတာကြောင့် ပြည်သူတွေ အခက်ကြုံနေရ
မော်လမြိုင် ၊ မတ် (၁၆) မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းမှာ လျှပ်စစ်မီတာခ တစ်ယူနစ် ကျပ် ၁၂၀၀ မှ ၁၆၀၀ အထိ စံချိန်တင် ဈေးနှုန်းမြင့်တက်လာတာကြောင့် အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေးမြို့နယ်ဟာ အစိုးရလျှပ်စစ်မီးမရတာကြောင့် မြို့ပေါ်နဲ့ ဒေသခံကျေးရွာတွေကပြည်သူတွေအနေနဲ့ ပုဂ္ဂလိကလျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးလုပ်ငန်းတွေက ရောင်းချပေးတဲ့ လျှပ်စစ်မီးတွေကိုဈေးနှုန်းပိုပေးပြီး သုံးစွဲနေရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စက်သုံးဆီဈေးနှုန်း…