ဒီမော့ဆိုမှာ စစ်ကောင်စီက ဘုရားကျောင်းနဲ့ စာသင်ကျောင်းတွေကို အကာအကွယ်ယူပြီး ထိုးစစ်ဆင်နေ
ဒီမော့ဆို၊ မတ် ၁၈ ကရင်နီ(ကယားပြည်နယ်) ဒီမော့ဆိုမြို့နယ်မှာ အာဏာသိမ်း စစ်ကောင်စီတပ်က ဘုရားကျောင်းနဲ့ စာသင်ကျောင်းတွေကို အကာအကွယ်ယူပြီး ထိုးစစ်ဆင်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ ကယားပြည်နယ်ကို ပြန်လည် ထိန်းချုပ်နိုင်ဖို့အတွက် လေကြောင်း၊ ကြည်းကြောင်း အပါအဝင် အင်အားအလုံးအရင်နဲ့ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဟာ ဘုရားကျောင်းနဲ့ စာသင်ကျောင်းတွေကို အကာအကွယ်ယူပြီး…