အမေရိကန်အစိုးရ ထပ်တိုးအရေးယူပိတ်ဆို့မှုတွင် ဒေါက်တာဗညားအောင်မိုးပါဝင်
မော်လမြိုင်၊ ဇူလိုင် ၃ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် နောက်ထပ် ပိတ်ဆို့အရေးယူမှုတွင် စစ်ကောင်စီခေါင်းဆောင်များနည်းတူ စစ်ကောင်စီအရပ်သားအဖွဲ့ဝင်များထဲတွင် ကောင်စီဝင်ဒေါက်တာဗညားအောင်မိုးလည်း ပါဝင်လာခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ထုတ်ပြန်ချက်မှာ တွေ့ရသည်။ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုသည် စစ်တပ်နှင့်၎င်းခေါင်းဆောင်များအနေဖြင့် လက်ရှိလမ်းကြောင်းကို နောက်ပြန်မလှည့်မချင်း၊ ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးအတွက်မပံ့ပိုးမချင်း ၎င်းတို့အပေါ် ထပ်မံအရေးယူမှုများနှင့် ဒဏ်ခတ်ပိတ်ဆို့မှုများ ဆက်လက်ချမှတ်သွားမည်ဖြစ်ကြောင်း ထပ်မံပြသခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “မြန်မာနိုင်ငံအတွင်းအခြေအနေနှင့်စပ်လျဉ်း၍ပိုင်ဆိုင်မှုများကိုထိန်းချုပ်ကန့်သတ်ခြင်း” သမ္မတအမိန့်အမှတ် ၁၄၀၁၄ အရ…