KNU စစ်ဆင်ရေးမှာ အမျိုးသမီးတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် စစ်ကောင်စီ အသုံးပြု
မော်လမြိုင်၊ စက်တင်ဘာ ၂ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒေသခံအမျိုးသမီးတွေကိုဖမ်းဆီးခေါ်ဆောင်ပြီး စစ်ကြောင်းရှေ့ကနေ လူသားဒိုင်းအဖြစ်ထားကာ ကေအဲန်ယူထိန်းချုပ်နယ်မြေထဲကို ကျူးကျော်ဝင်ရောက်လျက်ရှိတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။ ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၁ ရက်နေ့ မနက်ပိုင်းက သူတို့ရောက်ရှိနေတဲ့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပိုင်ကလာဒုံကျေးရွာက အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။ စစ်ကောင်စီတပ်ဟာ…