PDFတွေရဲ့ လက်နက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ NUGကိုတောင်းဆို
မော်လမြိုင် ၊ စက်တင်ဘာ (၁၄) မွန်ပြည်နယ်တဝှမ်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေမှာ လက်နက်လိုအပ်ချက်တွေ ရှိနေလို့ အမျိုးသားညီညွှတ်ရေးအစိုးရမှ ဖြည့်ဆည်းပေးဖို့ လှုပ်ရှားနေသူတွေက တောင်းဆိုလိုက်ပါတယ်။ မွန်ပြည်နယ်မှာတော့ မြို့နယ်အလိုက် PDF တပ်ဖွဲ့တွေ ဖွဲ့စည်းထားပြီး အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တွေကို နည်းလမ်းမျိုးစုံနှင့် တိုက်ခိုက်နေကြပါတယ်။ စစ်ကောင်စီရဲ့ ရုံးဌာနတွေကို ဖောက်ခွဲတာတွေ အပါအဝင် သတင်းပေးတွေနှင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေအား လုပ်ကြံသတ်ဖြတ်တာတွေကို ယခုလပိုင်းမှာ…