Thanlwintimes

NUG အစိုးရအပေါ် ဝေဖန်တိုက်ခိုက်တဲ့ အကြောင်းအရာတွေ ထပ်ဆင့်မျှဝေပေးဖို့ ဌာနဆိုင်ရာရုံးတစ်ခုလျှင် အကောင့်နှစ်ခု နှုန်း ဖွင့်လှစ်ကြဖို့ စစ်ကောင်စီက ညွှန်ကြား

မော်လမြိုင်၊ အောက်တိုဘာ ၆ လူမှုကွန်ယက် Facebook စာမျက်နှာမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အာဘော်‌‌တွေနဲ့ စစ်အုပ်စုက NUG အစိုးရအပေါ် ဝေဖန်တိုက်ခိုက်ထားတဲ့ အကြောင်းအရာ‌တွေကို ထပ်ဆင့်မျှဝေပေးဖို့ ဌာနဆိုင်ရာရုံးတစ်ခုလျှင် အကောင့်နှစ်ခုနှုန်းဖွင့်လှစ်ထားကြဖို့ကို စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ Non CDM ဝန်ထမ်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ သူတို့ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေ၊ စစ်တပ်ကောင်းကြောင်းနဲ့ NUG အစိုးရနဲ့ ဆက်စပ်အဖွဲ့အစည်း‌တွေကို…

စစ်ကောင်စီလက်အောက်ခံ BGF က ရွာသူကြီး လုပ်ကြဖို့ အတင်းအဓမ္မ စေခိုင်းနေ

မော်လမြိုင်၊ အောက်တိုဘာ ၇ ကေအဲန်ယူ ဒူးသထူခရိုင် ဘားအံမြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF)က ဒေသခံရပ်မိရပ်ဖတွေခေါ်ယူတွေ့ဆုံပြီး ရွာအုပ်ချုပ်ရေးမှူး(ရွာသူကြီး)တာဝန်ထမ်းဆောင်ဖို့ အတင်းအဓမ္မလုပ်ဆောင်ခိုင်းနေတယ်လို့ ဒေသခံတွေ သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကေအဲန်ယူ ဘားအံမြို့နယ် တပ်မဟာ ၁ နယ်မြေက ကျေးရွာတွေဖြစ်ကြတဲ့ တကောင်ဘိုး၊ ဂျို့ပင်ဆိပ်၊ မြိုင်၊ ကုန်းတုန်းကြီး၊ မီးပုံးစတဲ့ကျေးရွာတွေက ဒေသခံရပ်မိရပ်ဖနဲ့ ဂေါပကအဖွဲ့တွေကို BGF…

အာဆီယံအစည်းအဝေးသို့ စစ်ကောင်စီခေါင်းဆောင်ကို မဖိတ်ဖို့ ဖိအားပေး

ဘန်ဒါဆီရီဘီဂါဝန်၊ အောက်တိုဘာ ၆ မြန်မာနိုင်ငံ၏ ပဋိပက္ခကို အဆုံးသတ်ပြီး ငြိမ်းချမ်းမှုကို ပြန်လည်ထိန်းသိမ်းဖို့နဲ့ အာဆီယံအဆင့်သဘောတူညီချက်တဲ့ အချက်တွေကို လုပ်ဆောင်ဖို့ ပျက်ကွက်တဲ့ မြန်မာစစ်ကောင်စီခေါင်းဆောင်ကို ယခုလမှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးကို မဖိတ်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ဆွေးနွေးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာအာဆီယံကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။ စစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့အဖွဲ့က ဖေဖော်ဝါရီလ (၁)ရက်နေ့ အာဏာသိမ်းမှုတွင် ဖမ်းဆီးထားသော ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့ဝင်တွေကို တွေ့ဆုံဖို့ စစ်ခေါင်းဆောင်ထံတင်ပြခဲ့ပေမယ့်…

ဆယ်စုနှစ်တစ်ခုအတွင်း ကမ္ဘာကြီးပူနွေးမှုကြောင့် သန္တာကျောက်တန်း (၁၄)ရာခိုင်နှုန်းပျက်စီးခဲ့

စင်ကာပူ၊ အောက်တိုဘာ ၆ ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ မိုင်းခွဲငါးဖမ်းခြင်းနှင့် လေထုညစ်ညမ်းခြင်း အပါအဝင် ကမ္ဘာကြီးပူနွေးမှုကြောင့် ကမ္ဘာ့သန္တာကျောက်တန်း ၁၄ ရာခိုင်နှုန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သန္တာကျောက်တန်းကျန်းမာရေးဆိုင်ရာလေ့လာနေတဲ့အဖွဲ့က ပြောလိုက်ပါတယ်။ အကြီးမားဆုံးထိခိုက်စေသည့်ဒေသတို့မှာ တောင်အာရှနှင့် ပစိဖိတ်ဒေသတို့ကဖြစ်ပြီး အာရေးဗီးယားပင်လယ်ကွေ့၊ ဩစတေးလျကမ်းရိုးတန်းတလျှောက်ဖြစ်ကြသည်ဟု ပညာရှင်များက ပြောကြပါတယ်။ ရာသီဥတုပြောင်းလဲခြင်းက ကမ္ဘာသန္တာကျောက်တန်းတွေအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်ခဲ့တယ်လို့ ဩစတေးလျအဏ္ဏဝါသိပ္ပံဌာနမှ အမှုဆောင်အရာရှိချုပ် ပေါဟာဒစ်စတီက…

သရက်ချောင်းမှာ စစ်ကောင်စီတပ်တွေ အင်အားထပ်ဖြည့် ၊ ပျူစောထီးတွေ ပါဝင်

တနင်္သာရီ ၊ စက်တင်ဘာ (၅) တနင်္သာရီတိုင်းဒေသကြီး ၊ သရက်ချောင်းမြို့နယ်က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ စက်တင်ဘာလ (၃)ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် အဲဒီဒေသမှာ စစ်ကောင်စီတပ်တွေက ထပ်မံ အင်အား ဖြည့်တင်းနေပါတယ်။ အဲ့ဒီလို အင်အားဖြည့်တင်းရာမှာ ပျုစောထီးတွေလည်း ပါဝင်လာပြီး စစ်ကောင်စီတပ်သား (၁၀၀)နီးပါးက ကျွဲခြံကျေးရွာအနီးမှာ တပ်စွဲထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ “ကျွန်တော်သိတဲ့ ပျူ စောထီးတစ်ဦး…

KNU တပ်မဟာ(၄) ပတ်ဝန်းကျင်ရွာတွေမှာ စစ်ကောင်စီက အရပ်ဝတ်နှင့် ကင်းထောက်နေ

မော်လမြိုင်၊ အောက်တိုဘာ ၆ ကေအဲန်ယူ တပ်မဟာ ၄ ထိန်းချုပ်နယ်မြေထဲက ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာတချို့မှာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေက အောက်တိုဘာလ ၅ ရက်နေ့ နေ့လည်ပိုင်းမှာ အရပ်ဝတ်များဖြင့် နယ်မြေထောက်လှမ်းမှုများ ပြုလုပ်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးနှံမည့် စာရင်းကောက်ယူရန်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် CDM ဝန်ထမ်းများ ပုန်းခိုးတိမ်းရှောင်နေတာကို ရှာဖွေရန် ဆိုတဲ့အကြောင်းပြချက်နဲ့ အောက်တိုဘာလ ၄ ရက်နေ့…

ရေးပြည်သူတွေ မီတာခဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို အကြီး အကျယ် ခံစားနေရ

ရေး ၊ အောက်တိုဘာ ၅ စစ်တပ် အာဏာသိမ်းမှု နောက်ဆက်တွဲ အကျိုးဆက်အနေဖြင့် စက်သုံးဆီဈေးနှုန်း ဆက်တိုက်မြင့်တက်လာတဲ့အတွက်ကြောင့် ရေးမြို့နယ်ပြည်သူတွေဟာ လျှပ်စစ် မီတာခဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို အကြီးအကျယ် ခံစားနေရပါတယ်။ ရေးမြို့နယ်ဟာ အစိုးရလျှပ်စစ်မီး မရရှိသေးတဲ့အတွက်ကြောင့် ပုဂ္ဂလိကလျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး ကုမ္ပဏီကနေ လျှပ်စစ်မီးကို ဈေးနှုန်းပိုပေးပြီး ဝယ်ယူ သုံးစွဲနေရတာ ဖြစ်ပါတယ်။ ရေးမြို့နယ်ကို မြတ်သူရကုမ္ပဏီက လျှပ်စစ်မီး…

KNU နှင့် စစ်ကောင်စီ တိုက်ပွဲ အကြိမ်ရေ (၂၆၀)ကျော် ဖြစ် ၊ စစ်သား (၂၃၄)ဦး သေဆုံးခဲ့တယ်လို့ KNU ထုတ်ပြန်

မော်လမြိုင်၊ အောက်တိုဘာ ၅ ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တို့အကြား စက်တင်ဘာလအတွင်း တိုက်ပွဲ ၂၆၅ ကြိမ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က ၂၃၄ ဦးသေဆုံးခဲ့တယ်လို့ ကေအဲန်ယူ ဗဟိုက ထုတ်ပြန်ထားပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း ကေအဲန်ယူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO…

သမ္မတဒူတာတေး၏ သမီး လာမည့်ရွေးကောက်ပွဲတွင် သမ္မတရာထူးဝင်ပြိုင်မည်

မနီလာ၊ အောက်တိုဘာ ၄ လာမယ့် ၂၀၂၂ ခုနှစ်မှာ ကျင်းပမည့် ဖိလစ်ပိုင်ရွေးကောက်ပွဲမှာ လက်ရှိသမ္မတဒူတာတေး၏ သမီးဖြစ်သူကို သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်စေမည်ဟု သမ္မတဒူတာတေးက ပြောဆိုလိုက်ပါတယ်။ ယင်းအပြင် သမ္မတဒူတာတေး၏ ကာလတာရှည်လက်တွဲခဲ့သည့် လက်ထောက်ကိုလည်း ဒုသမ္မတနေရာအတွက် အမည်စာရင်းတင်သွင်းထားခဲ့ပါတယ်။ သမ္မတဒူတာတေး၏ သမီးဖြစ်သူ မစ္စဆရာဒူတာတေးကာပီအိုသည် ဖိလစ်ပိုင်နိုင်ငံ၏ တတိယအကြီးဆုံးမြို့ဖြစ်သော ဒါဗာအိုမြို့၏ မြို့တော်ဝန်ဖြစ်ပြီး အဆိုပါမြို့တော်ဝန်ရာထူးအတွက် ဆက်လက်ယှဉ်ပြိုင်ရန် စာရင်းသွားထားသူလည်းဖြစ်ပါတယ်။…

စစ်ကောင်စီရဲ့ တပ်မ ၂၂ ဌာနချုပ်ရှေ့ မိုင်းကွဲပြီးနောက် အရပ်သားတချို့ ထိုးကြိတ်ဖမ်းဆီးခံရ

မော်လမြိုင်၊ အောက်တိုဘာ ၄ ဘားအံမှာ မနေ့ညပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပြီးနောက် အရပ်သားပြည်သူအချို့ကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အောက်တိုင်ဘာ ၃ ရက်နေ့ ည ၆ နာရီခွဲကျော်အချိန်က ဘားအံမြို့တပ်မ (၂၂)ဌာနချုပ်ရှေ့မှာ မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး အုတ်တံတိုင်းနံရံအချို့ ပျက်စီးပြိုကျသွားခဲ့တာပါ။ ပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်က တပ်မရှေ့ ဗိုလ်ချုပ်လမ်းပေါ်မှာ ရှာဖွေစစ်ဆေးတာတွေလုပ်တဲ့အပြင် အဲ့ဒီညပိုင်းမှာပဲ ဘားအံမြို့…