Thanlwintimes

ကရင်က စစ်တပ်ထောက်ခံသူတစ်ဦး ပစ်သတ်ခံရ ၊ မသင်္ကါမှုနဲ့ လူငယ်တချို့ကို ဖမ်းဆီးသွား

မော်လမြိုင်၊ စက်တင်ဘာ၊ ၂၀ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့​ပေါ်ရပ်ကွက်တစ်ခုရှိ လမ်းမပေါ်မှာ စက်တင်ဘာ ၁၉ ရက် ညနေ ၆ နာရီခန့်က စစ်တပ်ထောက်ခံသူ ဦးဝဏ္ဏ သေနတ်ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက အတည်ပြောဆိုပါတယ်။ ဦးဝဏ္ဏဟာ ၁၃ မိုင် ဒလန်လို့ ဒေသခံတွေအကြား နာမည်ထွက်နေတဲ့ စစ်တပ်ထောက်ခံသူတစ်ဦးဖြစ်ပြီး ရဲ၊ စစ်သားတွေဆီ သတင်းပုံမှန်ပေးနေသူလို့ ဆိုကြပါတယ်။ ” သူက…

၅၀၅(က) ဖြင့် တရားစွဲခံရသူတွေကို ရဲတပ်ဖွဲ့ဘက်က လုံခြုံရေးမပေးလို့ အမှုမစစ်နိုင်

မော်လမြိုင်၊ စက်တင်ဘာလ ၂၀ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရသူတွေကို ရဲတပ်ဖွဲ့က လုံခြုံရေး မပေးလို့ အမှု စစ်ဆေးနိုင်ခြင်း မရှိဘူးလို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ပြည်သူတွေကို မတရားဖမ်းဆီးချုပ်နှောင်ပြီး နိုင်ငံတော်အကြည်ညိုပျက်စီမှုဆိုတဲ့ ပုဒ်မ…

ပလမြို့မှာ လူငယ်နှစ်ဦးနဲ့ အမျိုးသမီး တစ်ဦးကို စစ်ကောင်စီ အကြောင်းမဲ့ ဖမ်းဆီး

မော်လမြိုင်၊ စက်တင်ဘာ ၂၀ ပုလောမြို့နယ်၊ ပလမြို့မှာ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက ဒေသခံပြည်သူ သုံးဦးကို စက်တင်ဘာလ ၁၉ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ” နေ့လည်ပိုင်းလောက်ပဲ ရှိမယ်၊ ကောင်လေးက ဆိုင်ကယ်မောင်းလာတာ မြို့ဆိုင်းဘုတ်အနားအရောက်မှာ စစ်ကောင်စီတပ်နဲ့ ဆုံတော့ သူ့ကိုလှမ်းတားတယ်၊ ပြီးတော့ သူ့ကို ဖမ်းခေါ်သွားတယ်။ ” ဟု ဒေသခံတစ်ဦးက…

အစားအသောက် ဝန်ဆောင်မှု တော်လှန်ရေး

အသက်(၆၀)အရွယ် အသားဖြူဖြူ အပြုံးချိုချိုနှင့် အမေထားတစ်ယောက် အိမ်ရှေ့ဧည့်ခန်းမှာ သူမဖုန်းကိုဖွင့်ကာ ဖေ့ဘွတ်စ်ကို အပေါ်ပွတ် အောက်ဆွဲရင်း ဝမ်းသာပီတိဖြစ်ပြီး ကျေနပ်နေပါတယ်။ မြင့်တက်လာတဲ့ ကိုဗစ်-၁၉ ကူးစက်မှုတွေကြောင့် အမေထားတစ်ယောက် အပြင်ထွက်လည်လို့မရတော့ဘဲ တနေ့ တနေ့ အချိန်တွေကို သူမ အိမ်ရှေ့ ဧည့်ခန်းမှာပဲ ဖြတ်သန်းနေရတာ ရက်အတော်ကြာပြီး ဖြစ်ပါတယ်။ မော်လမြိုင်သူပီပီ အစားသောက်တွေအပေါ် ဝါသနာကြီးတဲ့ အမေထားဟာ လမ်းထိပ်က…

ရွှေ့ပြောင်းလုပ်သားပြတ်လပ်မှုပြဿနာကို ထိုင်းနိုင်ငံသားများဖြင့် အစားထိုးဖြည့်သွင်းမည်

ဘန်ကောက်၊ စက်တင်ဘာ ၁၉ ကိုဗစ် ၁၉ ကပ်ဘေးကြောင့် ရွှေ့ပြောင်းလုပ်သားအများအပြား နေရပ်ပြန်သွားသည့်အတွက် လစ်လပ် သွားသော အလုပ်အကိုင်အခွင့်အလမ်း ၄၀၀,၀၀၀ ကျော်ကို ထိုင်းနိုင်ငံသားများဖြင့် အစားထိုးခန့်အပ်သွားရန် အလုပ်သမားဝန်ကြီးဌာနမှ ပြင်ဆင်လျှက်ရှိသည်။ အလုပ်သမားရေးရာဝန်ကြီး Suchart Chomklin က ကပ်ဘေးအခြေအနေ ပိုမိုဆိုးရွားလာသောကြောင့် လွန်ခဲ့သောနှစ် မတ်လလောက်ကတည်းက အလုပ်သမားတင်သွင်းမှုကို ရွှေ့ဆိုင်းထားခဲ့ပြီး အဆိုပါအခြေအနေကြောင့် စက်မှု/ကုန်ထုတ် ကဏ္ဍအတော်များများတွင်…

၂လကျော် မစစ်ဘဲ ရပ်ထားတဲ့ ဒေါ်မာမာခိုင်နဲ့ ခင်ပွန်း အမှု ရုံးချိန်းပြန်ပေး

မော်လမြိုင်၊ စက်တင်ဘာလ ၁၈ ကျိုက်မရောအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ သထုံမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်နဲ့ ခင်းပွန်ဖြစ်သူတို့ရဲ့ အမှုကို စက်တင်ဘာ ၂၀ ရက်နေ့မှာ ရုံးချိန်းပေးထားတယ်လို့ မိသားစုဝင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီက ကိုဗစ်ကပ်ရောဂါ အကြောင်းပြန်ချက်နဲ့ ရုံးတွေကို ရက်ရှည်ပိတ်ထားလို့ အမှု မစစ်နိုင်တာ ၂ လကျော်ထိ လာရှိပြီးနောက် ပထမအကြိမ် ရုံးထုတ်စစ်ဆေးဖို့…

မွန်မှာ တစ်ရက်တည်း Mytel တာဝါတိုင် ၂ တိုင် ဗုံးခွဲခံရ

မော်လမြိုင်၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ်မှာ စက်တင်ဘာ ၁၇ ရက်နေ့ တစ်ရက်တည်း Mytel တာဝါတိုင် ၂ တိုင် ဗုံးခွဲခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို အတည်ပြု ပြောဆိုပါတယ်။ ဘီးလင်းမြို့နယ်၊ ကော့ကဒွတ်ကျေးရွာ ၊ သင်တော်ကြီးရှိ Mytel တာဝါတိုင်ကို စက်တင်ဘာ ၁၇ ရက်နေ့ ည ၈ နာရီအချိန်မှာ အမည်မသိ…

ကျိုက်ထိုက လူငယ် ၅ ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ဖမ်းဆီး

ကျိုက်ထို၊ စက်တင်ဘာ ၁၈ ကျိုက်ထိုမြို့က အသက်မပြည့်သေးသည့် လူငယ်တစ်ဦးအပါအဝင် စုစုပေါင်း (၅) ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စက်တင်ဘာလ (၁၇)ရက်နေ့ ညပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ စစ်ကောင်စီသတင်းပေးတစ်ဦး အသတ်ခံရပြီးနောက်ပိုင်း ကျိုက်ထိုမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်တွေကို ဧည့်စာရင်းအကြောင်းပြချက်နဲ့ဝင်ရောက်ရှာဖွေပြီး ဖမ်းဆီးမှုတွေ ဆက်တိုက် လုပ်ဆောင်နေတာဖြစ်ပါတယ်။ မ​နေ့ညပိုင်းမှာတော့ အထက(၁)ကျိုက်ထို ကျောင်းစာရေး မင်းကိုကို၊ ကျူ ရှင်သင်သူ…

ဖာပွန်ခရိုင်မှာ နှစ်ပတ်အတွင်း တိုက်ပွဲအကြိမ် ၁၀၀ ကျော်ဖြစ်၊ စစ်ကောင်စီဘက်က ၇၀ သေဆုံး၊ KNU ဘက်က ၂ ဦးကျ

မော်လမြိုင်၊ စက်တင်ဘာ ၁၈ ဖာပွန်ခရိုင်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ စစ်အုပ်စုတို့ကြား ဒီလ နှစ်ပတ်တာအတွင်း တိုက်ပွဲပေါင်း ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်ကအယောက် ၇၀ သေဆုံးခဲ့တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ထားပါတယ်။ ဖာပွန်ခရိုင်အတွင်းမှ KNLA တပ်မဟာ ၅ နဲ့ စစ်အုပ်စုကြား တိုက်ပွဲတွေနေ့စဉ်ဆိုသလို ဖြစ်ပွားနေပြီး စက်တင်ဘာလ ၁ ရက်ကနေ ၁၅ ရက်နေ့အထိ…

မွန်ပြည်ကာကွယ်ရေးတပ် (MSDF) နဲ့ ဆက်သွယ်မေးမြန်းချက်

“မွန်ပြည်ကာကွယ်ရေးတပ်-MSDF တပ်ဖွဲ့စည်းပုံတွင် လိုက်နာရမည့် စစ်ဖက်ဆိုင်ရာကျင့်ဝတ်နှင့် စည်းကမ်းကို တိတိကျကျပြဌာန်းထားပြီး စစ်သည်တိုင်း လေးစားလိုက်နာရပါတယ်။ ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် အခွန်အကောက်လုပ်ငန်းများကို လုံး၀(လုံး၀) လုပ်ဆောင်မည်မဟုတ်ပါ” မော်လမြိုင်၊စက်တင်ဘာလ ၁၈ အာဏာသိမ်း စစ်ကောင်စီကို တိုက်ခိုက်တော်လှန်ဖို့အတွက် မွန်ပြည်ကာကွယ်ရေးတပ် (MSDF)ကိုစက်တင်ဘာလ ၁၆ ရက်နေ့မှာ မွန်ပြည်အတွင်းက တိုင်းရင်းသားလူမျိုးတွေနဲ့ ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ MSDF ဖွဲ့စည်းခဲ့တဲ့နေ့မှာပဲ ရေးမြို့နယ်တောင်ပိုင်း ကျုံညဲရွာမှာ…