မြဝတီ-ဝေါ်လေ ကားလမ်းပိုင်းမှာ ကော်ဘရာစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်
မြဝတီ ၊ ဇူလိုင်(၃၁) ကရင်ပြည်နယ်မြဝတီ-ဝေါ်လေ ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ကော်ဘရာစစ်ကြောင်းဦးစီးတဲ့ တော်လှန်ရေးအင်အားစုတွေ နေ့စဥ်လိုလို ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ကော်ဘရာစစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ(၇) ရက်နေ့ကစပြီး ကရင်အမျိုးသားအစည်းအရုံ တပ်မဟာ(၆) ထိန်းချုပ် နယ်မြေဖြစ်တဲ့ မြဝတီ-ဝေါ်လေ ကားလမ်းမရဲ့ သုံးထပ်ကွေ့ တောင်ကြောဒေသမှာ စစ်ကောင်စီက နယ်မြေကျူးကျော်ဖို့ ကြိုးစားလာတာကြောင့် တိုက်ပွဲစတင်ခဲ့တာ ဖြစ်ပါတယ်။ဒီရက်ပိုင်းအတွင်းဖြစ်ပွားခဲ့တဲ့…