တိုက်ပွဲတွေကြောင့် နိုင်ငံလူဦးရေရဲ့ ထက်ဝက်ခန့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေလိုအပ်နေ
မော်လမြိုင်၊ ဖေဖော်ဝါရီ (၁၂) အာဏာသိမ်းပြီး (၂)နှစ်အတွင်း မြန်မာနိုင်ငံရဲ့ လူဦးရေသုံးပုံတစ်ပုံဟာ အခြေခံလိုအပ်ချက် တွေမြင့်မားလာပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ လိုအပ်လျက်ရှိနေတယ်လို့ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ လူဦးရေ ၅၅ သန်းကျော်ရှိတဲ့ မြန်မာနိုင်ငံဟာ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုနောက်ဆက်တွဲဆိုးရွားလာတဲ့ အခြေအနေတွေကြောင့် အခုလို အကူအညီတွေလိုအပ်တာပါ။ UNOCHA ရဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ…
