ဆိုင်ကယ်တက္ကစီ မောင်းသူတွေ တစ်နေ့ ဝင်ငွေ နှစ်ထောင်ကျပ်ပင် မရတော့
မော်လမြိုင်၊ ဩဂုတ် ၂၀ ကိုဗစ်-၁၉ ကြောင့် စီးပွားရေး ကြပ်တည်းမှုတွေနှင့်အတူ စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် အခြေခံလုပ်သားတွေရဲ့ ဝင်ငွေတွေ လျော့ကျပြီး စားဝတ်နေရေး ခက်ခဲနေကြပါတယ်။ မော်လမြိုင်မြို့မှာ အရပ်သားတွေ နေအိမ်ပြင်ပသွားလာရင် သက်ဆိုင်ရာက ခွင့်ပြုတဲ့ ကတ်ပြား ပါရမယ်လို့ စည်းကမ်းချမှတ်ထားပြီး ကတ်မပါရင် အရေးယူမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။ ဒါ့အပြင် မြို့ပေါ်လမ်းမတွေမှာလည်း စစ်ဆေးရေးတွေ တင်းကြပ်လာတဲ့အတွက်…