Thanlwintimes

သံသယ တရားခံကို သေဆုံးတဲ့အထိညှင်းပန်းနှိပ်စက်ခဲ့တဲ့ ဂျိုးဖရာရီ ကိုဘန်ကောက်တရားရုံး တော်ကထောင်တစ်သက်တစ်ကျွန်းအမိန့်ချ

ဘန်ကောက် – ဇွန်(၁၀) ပြိုင်ကာတွေကိုကြိုက်တက်တဲ့ ထိုင်းနာမည်ကြီးရဲအရာရှိ “ဂျိုး ဖရာရီ” ဟာ မူးယစ်တရားခံ တစ်ဦး ကိုအသတ်သေဆုံးတဲ့အထိ ညှင်းပန်းနှိပ်စက်ခဲ့တဲ့အတွက် ဘန်ကောက်တရားရုံးတော်က ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံရမယ်လို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ထစ်တီဆန်အွတ်ထနာဖွန်ဟာ ဖြစ်စဉ်တစ်ခုမှာ လူတစ်ဦးကို အသက်သေဆုံးတဲ့အထိ ညှင်းပန်း နှိပ်စက်ခဲ့တဲ့အတွက် အပြစ်ရှိတယ်လို့ ဘန်ကောက်တရားရုံးတော်က ရှာဖွေတွေ့ရှိခဲ့သလို အဲ့ဒီ ဖြစ်ရပ်ဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ ထိုင်းဘုရင့်နိုင်ငံအတွင်း အကျင့်ပျက်…

တနင်္သာရီမှာ စက်သုံးဆီတွေ အလုအယက် ဝယ်ယူနေရ

ကော့သောင်း၊ ဇွန် ၁၀ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းနဲ့ မြိတ်မြို့ပေါ်က စက်သုံးဆီဆိုင်တချို့ကို စစ်ကောင်စီက ဖမ်းဆီးမယ်ဆိုတဲ့ သတင်းကြောင့် ဇွန် ၉ ရက်နေ့ မနက်ပိုင်းကစပြီး ပြည်သူတွေ အလုအယက် ဝယ်ယူနေကြတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ကော့သောင်းနဲ့ မြိတ်မြို့ပေါ်ရှိ စက်သုံးအရောင်ဆိုင်တွေကို စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာအဖွဲ့တွေက လိုက်လံစစ်ဆေးခဲ့တာပါ။ အဲဒီနောက်မှာတော့ စက်သုံးဆီအရောင်းဆိုင်တချို့နဲ့…

ကျိုက်ထိုမှာ စစ်ကောင်စီယာဉ်တန်း ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခံနေရ

ကျိုက်ထို၊ ဇွန် ၁၀ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ တညင်ချောင်းကျေးရွာအဝင်လမ်းအနီးမှာ ဇွန်လ ၉ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ KNU တပ်မဟာ(၁) သထုံခရိုင် တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကျိုက်ထိုမြို့နယ်ကနေ ဘီးလင်းမြို့နယ်ကို မောင်းနှင်လာတဲ့ ကား ၄ စီးပါ စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။…

ဘားအံထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက် နှိပ်စက်ခံရပြီး အစာရေစာပါ ဖြတ်တောက်ခံထားရ

ဘားအံ ၊ ဇွန်(၉) ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင်မှာ ဖမ်းဆီးခံ တက္ကသိုလ်ကျောင်သားတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ မတရား ရိုက်နက်ညှဉ်းပန်း နှိပ်စက်ခံနေရပြီးနောက် အစာရေစာပါ ဖြတ်တောက် ခံထားရတယ်လို့ ဘားအံတက္ကသိုလ်ကျောင်းသားမဂ္ဂ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဘားအံထောင်ပိုင်အသစ် ဦးလှဆွေ ဦးစီးတဲ့အဖွဲ့ဟာ ဖမ်းဆီးခံ တက္ကသိုလ်ကျောင်သားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က စပြီး…

ဩစတေးလျက စိုးရိမ်ပူပန်နေတဲ့ ရေတပ်အခြေစိုက်စခန်းအစီရင်ခံစာကို ကမ္ဘောဒီးယားနှင့် တရုတ်တို့က ငြင်းဆိုခဲ့

ဖနွမ်းပင် ၊ ဇွန် (၉) သြစတြေးလျဝန်ကြီးချုပ်သစ်က စိုးရိမ်ကြောင်းနှင့် ပွင့်လင်းမြင်သာမှုရှိရန် တောင်းဆိုထားတဲ့ တရုတ်ရေတပ်အတွက် လျှို့ဝှက်ရေတပ်စခန်းတစ်ခု တည်ဆောက်နေကြောင်းအစီရင်ခံစာကို ကမ္ဘောဒီးယားနှင့် ပေကျင်းတို့က ဇွန်လ ၇ ရက်နေ့က ငြင်းဆိုခဲ့ပါတယ်။ ထိုင်းပင်လယ်ကွေ့မှာ ဗျူဟာမြောက်တည်ရှိနေတဲ့ ကမ္ဘောဒီးယားနိုင်ငံ ရီးယမ်းအခြေစိုက်စခန်းကို တရုတ်ရေတပ်မှ သီးသန့်အသုံးပြုရန်အတွက် တည်ဆောက်နေခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် အနောက်တိုင်းအရာရှိများကို ကိုးကားပြီး ဝါရှင်တန်ပို့စ်က ဖော်ပြခဲ့ပါတယ်။ အဆိုပါ…

အရှိန်မြှင့်လာတဲ့ မြောက်ကိုရီရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို အမေရိကန်နဲ့ အာရှအင်အား ကြီးနှစ်နိုင်ငံရှုတ်ချ

ဆိုးလ် – ဇွန်(၉) မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုတွေဟာ ပြင်းထန်ပြီး ဥပဒေနဲ့ မညီပဲ ရန်စမှု ဖြစ် တဲ့အတွက် တွေ့ဆုံဆွေးနွေးမှုတွေမှာ ပြန်လည်ဝင်ရောက်ဖို့နဲ့ ကိုဗစ် ဆိုင်ရာ အကူအညီတွေ လက်ခံဖို့ အမေရိကန်၊တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံက အကြီးတန်းအရာရှိတွေက တိုက်တွန်းလိုက်ပါတယ်။ ၂၀၁၇ ခုနှစ်နောက်ပိုင်းမြောက်ကိုရီးယားရဲ့ ပထမဆုံးနျူကလီးယားစမ်းသပ်မှုအတွက် ကြိုတင် ပြင်ဆင်မှု လက္ခဏာတွေအဖြစ် ဒုံးကျည်စမ်းသပ်မှုတွေ ဆက်တိုက်ပြုလုပ်ပြီး ရက်ပိုင်းအကြာ…

လူ့အခွင့်အရေးအဖွဲ့တွေက ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီဖို့ ထိုင်းအစိုးရကိုတောင်းဆို

ဘန်ကောက် – ဇွန်(၉) ခိုလှုံခွင့်တောင်းခံထားတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကူညီပြီး သူတို့ရဲ့ ဒုက္ခသည်ဖြစ်မှုကို ထောက်ခံပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေက ထိုင်းအစိုးရကို တောင်းဆိုခဲ့ပါတယ်။ ထိုင်းရေတပ် ထိုင်းနိုင်ငံတောင်ပိုင်း ဆူတွန်ခရိုင်ဒေသန္တရအနီး ခိုဒွန်ကျွန်းပေါ်မှာ ရိုဟင်ဂျာ ဒုက္ခသည် (၅၉) ဦးကို ရှာဖွေတွေ့ရှိခဲ့ပြီး အဲ့ဒီထဲမှာ အမျိုးသား (၃၁) ဦး၊အမျိုးသမီး(၂၃) ဦးနဲ့ ကလေးငယ်(၅) ဦးပါဝင်ကာ သူတို့ကိုတော့…

ပုလောမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရ

ပုလော ၊ ဇွန် (၉) တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ နန်းတောင်ကျေးရွာအုပ်စု၊ ဂျင့်ဂါရွာကို ဇွန် ၈ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ လက်ရှိမှာတော့ ဂျင့်ဂါရွာနဲ့ ပျူစောထီးအင်အား ကောင်းတဲ့ ပုလောကုန်းကျေးရွာမှာ…

CDM ဆရာ၊ဆရာမတွေ လုပ်ငန်းခွင် ပြန်ဝင်ဖို့ စစ်ကောင်စီ အယူခံကာလ သက်တမ်း ထပ်တိုးလာပြန်

နေပြည်တော် ၊ ဇွန် (၉) အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ထားတဲ့ အခြေခံပညာက ဆရာ၊ဆရာမတွေ လုပ်ငန်းခွင်ပြန်ဝင်ဖို့ နောက်ဆုံး အယူခံကာလကို ဇွန်လ ၁၄ ရက်နေ့ထိ သက်တမ်းထပ်တိုး လိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ CDM ဆရာ၊ဆရာမတွေရဲ့ နောက်ဆုံး အယူခံကာလကို ပြီးခဲ့တဲ့ မေ ၃၁ ရက်နေ့၊…