Thanlwintimes

မွန်ပြည်နယ်ကို ဝင်ထွက်နေတဲ့ ကုန်ကားသမားတွေထဲက ကိုဗစ်အတည်ပြုလူနာ (၂၀)တွေ့ရှိ

မော်လမြိုင် ၊ အောက်တိုဘာ (၈) မွန်ပြည်နယ်အတွင်းကို ဝင်ရောက်လာတဲ့ ကုန်တင်ယာဉ်မောင်းသူတွေဆီကနေ ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၂၀) ဦးအထိရှိလာတယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေထံကနေ သိရပါတယ်။ အောက်တိုဘာလ ၃ ရက်နေ့က စပြီးတော့ မွန်ပြည်နယ်ဝင်မယ့် ကုန်ကားတွေကို ကျိုက်ထိုမြို့နယ် စစ်တောင်းတံတားအဝင်အထွက်မှာ စစ်ဆေးနေတာဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီးဘက်မှ ဝင်ရောက်လာမည့်ကုန်တင်ယာဉ်တွေကို ရေးမြို့နယ်အဝင်ဂိတ်နဲ့ ကရင်ပြည်နယ်ကနေ ဝင်ရောက်လာမည့်ယာဉ်‌တွေကို သထုံမြို့နယ်စစ်‌ရေးဂိတ်တွေမှာ ကိုဗစ် ၁၉…

မဲဆွယ်စည်းရုံးရေးမှာ ဝန်းရံလို့ရပေမယ့် ဖျော်ဖြေရေးမလုပ်ဖို့ သဘင်သည်တွေကို တားမြစ်

မော်လမြိုင် ၊ အောက်တိုဘာ (၇) မဲဆွယ်စည်းရုံးရေးမှာ သဘင်သည်တွေ ဝန်းရံလို့ရပေမယ့် လူစုလူဝေးဖြစ်အောင် ဖျော်ဖြေရေးတွေမလုပ်ဖို့ အစိုးရက တားမြစ်လိုက်တယ်လို့ မော်လမြိုင်မြို့နယ် သဘင်အစည်းအရုံး တာဝန်ရှိသူတွေက ပြောပါတယ်။ ရွေးကောက်ပွဲကာလမှာတော့ အနုပညာရှင်တွေဟာ မိမိဝန်းရံတဲ့ ပါတီရဲ့ မဲဆွယ်စည်းရုံးရေးတွေမှာ လိုက်ပါဖျော်ဖြေလေ့ ရှိပါတယ်။ မွန်ညီညွတ်ရေးပါတီရဲ့ ချောင်းဆုံမြို့နယ် မဲဆွယ်စည်းရုံးရေးတစ်ခုမှာ ဇတ်မင်းသားတစ်ဦးက ဖျော်ဖြေခဲ့လို့ လူစုလူဝေးဖြစ်ပြီးတဲ့နောက်မှာ မွန်ပြည်နယ်ဝန်ကြီးချုပ်က နှုတ်မိန့်နဲ့…

ရွေးကောက်ပွဲမှာ အမျိုးသမီးတွေ ဆန္ဒမဲထွက်ပေးကြဖို့ မွန်အမျိုးသမီးကွန်ရက်တိုက်တွန်း

မော်လမြိုင် ၊ အောက်တိုဘာ (၇) ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ အမျိုးသမီးတွေ ဆန္ဒမဲထွက်ပေးကြဖို့ မွန်အမျိုးသမီးကွန်ရက်က တိုက်တွန်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ မွန်ပြည်နယ်က မဲပေးပိုင်ခွင့်ရှိသူ တစ်ဝက်ကသာ ဆန္ဒမဲ ပေးခဲ့ပါတယ်။ ဆန္ဒမဲမပေးသူတွေထဲမှာ အမျိုးသမီးတွေက အများဆုံးဖြစ်နေတာကြောင့် အခုလို တိုက်တွန်းနှိုးဆော်မှုတွေ လုပ်နေတာလို့ မွန်အမျိုးသမီးကွန်ရက်မှ မိချယ်ရီစိုးက ပြောပါတယ်။ “မဲစာရင်းမှာရှိတဲ့အမျိုးသမီးထဲမှာ…

NLD ပါတီရဲ့ မူဝါဒတွေကို ဗဟိုကသာ ပြောဆိုသွားမည်

မော်လမြိုင် ၊ အောက်တိုဘာ (၇) အမျိုးသားဒီမိုကရေစီအဖွဲချုပ်ပါတီ(NLD)ရဲ့ မူဝါဒတွေကို ဗဟိုကသာ ပြောဆိုသွားမယ်လို့ nld ပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်က ပြောပါတယ်။ ပါတီမူဝဒါတွေကို ကိုယ်စားလှယ်လောင်းတွေက ပြောဆိုရာမှာ ကွဲလွဲတာတွေ ရှိတဲ့အတွက် လိုက်လံရှင်းလင်းနေရလို့ ကိုယ်စားလှယ်လောင်းတွေကို ပြောဆိုခွင့် မပေးတော့ဘဲ ဗဟိုကသာ ပြောဆိုသွားတော့မယ်လို့ ဆိုပါတယ်။ “ မူဝါဒတွေကိုတော့ ဗဟိုကပဲ ရှင်းလင်းပြောကြားပါမယ်။ သူတို့ပြောဆိုတဲ့အခါ…

ဘီးလင်းမြို့နယ်၏ ကိုယ်စားလှယ်လောင်းများဆိုင်ရာဖော်ပြချက်

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဘီးလင်းမြို့နယ်အတွက် နိုင်ငံရေးပါတီပေါင်း (၁၂)ပါတီ (တိုင်းရင်းသားလူမျိုးရေးရာအပါအဝင်)၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း(မရှိ) မှ ကိုယ်စားလှယ်လောင်း စုစုပေါင်း (၅၄) ဦးက ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။ ဘီးလင်းမြို့နယ်အတွက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများစာရင်းတွင် အမျိုးသမီးကိုယ်စားလှယ်လောင်းများနှင့် လူငယ်ကိုယ်စားလှယ်လောင်းများလည်း ပါဝင်နေသည်ကို တွေ့ရသည်။ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် အမျိုးသမီးကိုယ်စားလှယ်လောင်း (၁)ဦးအမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၁၁) အတွက် အမျိုးသမီးကိုယ်စားလှယ်လောင်း (၃)ဦး၊ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (၁)အတွက်…

ပါတီကိုယ်စားလှယ်လောင်းတွေကိုသာ ဝန်းရံဖို့ မွန်ပါတီအောင်နိုင်ရေးအဖွဲ့ သတိပေး

မော်လမြိုင် ၊ အောက်တိုဘာ (၇) မွန်ညီညွတ်ရေးပါတီဝင်တွေအနေနဲ့ ပါတီကရွေးချယ်ထားတဲ့ကိုယ်စားလှယ်လောင်းတွေကိုသာ ဝန်းရံဖို့ ပါတီအောင်နိုင်ရေးအဖွဲ့က ပြောဆိုလိုက်ပါတယ်။ မဲဆွယ်စည်းရုံးတာတွေကို လုပ်ဆောင်ရာမှာ ပါတီဝင်အချို့ဟာ ပြိုင်ဘက်ကိုယ်စားလှယ်လောင်းတွေနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေကို ဝန်းရံနေတာကြောင့် မွန်ညီညွတ်ရေးပါတီ ဗဟိုအောင်နိုင်ရေးအဖွဲ့တာဝန်ရှိသူတွေက အခုလို သတိပေးပြောဆိုလိုက်တာပါ။ “ပါတီဝင်တွေက ရင်းနှီးရာရင်းနှီးကြောင်း ဝန်းရံကူညီနေတာကိုတွေကို တွေ့နေရတယ်။ ပါတီဝင်တွေအနေနဲ့ ဒီလိုမလုပ်ကြဖို့ပေါ့ ပါတီကိုပဲ ဝန်းရံကြဖို့ပေါ့”လို့ မွန်ညီညွတ်ရေးပါတီ ဗဟိုအောင်နိုင်ရေးအဖွဲ့ မင်းအောင်မွန်က…

မဲဆန္ဒနယ်ပြင်ပ မဲပေးခွင့် အောက်တိုဘာ ၁၀ ရက်နေ့ နောက်ဆုံးထား လျှောက်ရမည်

မော်လမြိုင် ၊ အောက်တိုဘာ (၇) မဲဆန္ဒနယ်ပြင်ပရောက်နေတဲ့ မဲဆန္ဒရှင်တွေဟာ ရောက်တဲ့အရပ်မှာ မဲပေးနိုင်ဖို့အတွက် အောက်တိုဘာလ (၁၀)ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာ ရပ်ကျေး ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ လျှောက်ထားရမှာဖြစ်ပါတယ်။ အနည်းဆုံး ရက်ပေါင်း ၉၀ ထက်မနည်း မဲဆန္ဒနယ်ပြင်ပရောက်နေသူတွေဟာ မိမိတို့ရဲ့ အမြဲတမ်းနေရပ်ကို သွားရောက်ပြီး မဲပေးလိုခြင်းမရှိပါက မိမိတို့ရောက်ရှိနေတဲ့ မဲဆန္ဒနယ်က ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို မဲပေးနိုင်ပါတယ်။…

ရွေးကောက်ပွဲကော်မရှင်က ပွင့်လင်းမြင်သာမှုမရှိလို့ ကော်မရှင်ဥက္ကဋ္ဌ(၂)ဦး နှုတ်ထွက်

မော်လမြိုင် ၊ အောက်တိုဘာ (၇) ပွင့်လင်းမြင်သာမှုမရှိတဲ့ငွေကြေးသုံးစွဲမှုအပေါ် ထိရောက်တဲ့အရေးယူမှု မရှိတာကြောင့် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ (၂) ဦးနဲ့ အဖွဲ့ဝင် (၂) ဦးတို့ နှုတ်ထွက်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်းမှာ မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပိုလျှံရန်ပုံငွေကနေ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတွေ အသုံးပြုဖို့ ချပေးခဲ့တဲ့ ငွေကျပ်သိန်း (၁၂၀၀)ကျော်ကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက် သုံးစွဲရာမှာ…

လိုအပ်ရင်ယူ-ပိုရင်လှူဆိုတဲ့ အစီအစဉ်နဲ့ မီးဖိုချောင်းသုံးပစ္စည်းတွေကို အခမဲ့ဖြန့်ဝေ

မော်လမြိုင်၊ အောက်တိုဘာ (၁) ကိုဗစ်-၁၉ အကြပ်အတည်းကာလမှာ “လိုအပ်ရင်ယူ- ပိုရင်လှူ ” အစီအစဉ်နဲ့ မော်လမြိုင်မြို့မှာ နွေးထွေးသောရင်ခွင်အဖွဲ့မှ အခြေခံစားသောက်ကုန်တွေကို အခမဲ့ဖြန့်ဝေပေးနေပါတယ်။ အခြေခံစားသောက်ကုန်တွေဖြစ်ကြတဲ့ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နဲ့ အသီးအနှံတွေက အစ ဖြန့်ဝေပေးနေတာပါ။ အခုလို ကိုဗစ်ကာလမှာ စီးပွားရေးကြပ်တည်းလို့ အိမ်တွင်းအကြမ်းဖက်မှုမဖြစ်ပေါ်လအောင် ဆင်းရဲချို့တဲ့သူနဲ့ ရွှေ့ပြောင်းလုပ်သားတွေကို အခမဲ့ဖြန့်ဝေပေးတာ ဖြစ်တယ်လို့ ‌‌နွေးထွေးသော…

ကိုဗစ်-၁၉ ကြောင့် မဲရုံဝန်ထမ်းတွေကို သင်တန်းမပေးနိုင်သေး

မော်လမြိုင် ၊ အောက်တိုဘာ (၁) လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ အခြေအနေတွေကြောင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲရုံတာဝန်ထမ်းဆောင်မယ့်သူတွေကို သင်တန်းမပေးနိုင်သေးဘူးလို့ မွန်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ပြောပါတယ်။ မွန်ပြည်နယ်အတွင်းမှာ မဲရုံ ၉၇၃ ရုံဖွင့်လှစ်ဖို့ လျာထားပြီး အဲဒီမဲရုံတွေမှာ တာဝန်ထမ်းဆောင်မယ့် မဲရုံမှူး၊ ဒုမဲရုံမှူးနဲ့ မဲရုံအဖွဲ့ဝင်အဖြစ် ပညာရေးဝန်ထမ်း ၁၅၀၀၀ ကျော်ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့…