သီရိလင်္ကာနိုင်ငံမှာ ဆန္ဒပြသူတွေက သမ္မတ အိမ်တော်ကို ထပ်မံဝင်ရောက်စီးနင်း
ကိုလံဘို – ဇူလိုင်(၁၀) အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံမှာ ထောင်နဲ့ချီတဲ့ အစိုးရဆန့်ကျင်သူတွေ ကရဲတပ်ဖွဲ့ရဲ့အတားအဆီးတွေကို ဖြတ်ကျော်ပြီး သမ္မတ ရဲ့တရားဝင်နေအိမ်ကို ဝင်ရောက်စီး နင်းခဲ့ကြပါတယ်။ သီရိလင်္ကာအလံတွေနဲ့ ဦးထုတ်တွေကိုင်ဆောင်ထားတဲ့ ဆန္ဒပြသူတွေဟာ သမ္မတနေအိမ်ကို ဖောက်ထွင်းဝင်ရောက်ခဲ့ကြတာကို ဒေသတွင်းရုပ်မြင်သံကြားသတင်း NewsFirst ရုပ်သံလိုင်း မှာဖော်ပြထားပါတယ်။ လူဦးရေ(၂၂) သန်း ရှိတဲ့ ကျွန်းနိုင်ငံမှာ လောင်စာဆီ၊အစားအစာနဲ့ ဆေးဝါးတင်သွင်းမှုတွေကို ကန့်သတ်ထားသလို…