တစ်နှစ်အတွင်း စစ်ကောင်စီ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သား ၄၀၀ ကျော် သေဆုံး
မော်လမြိုင်၊ ဇန်နဝါရီ ၃ မြန်မာနိုင်ငံ နေရာဒေသအသီးသီးမှာ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၄၀၆ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇန်နဝါရီ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ သေဆုံးသူတွေထဲမှာ စစ်ကောင်စီရဲ့ ထိန်းသိမ်းရေးစခန်းတွေဖြစ်တဲ့ ရဲစခန်းမှာ သေဆုံးသူ ၁၂ ဦး၊ စစ်ကြောရေးစခန်းတွေမှာ…