2025

ရေးမြို့မရဲစခန်းအတွင်းပစ်ခတ်မှု ရဲတပ်ဖွဲ့ဝင်သုံးဦးသေဆုံး၊ စခန်းမှူးဒဏ်ရာပြင်းထန်

ရေး၊ ဖေဖော်ဝါရီ ၂ မွန်ပြည်နယ်ရေးမြို့ရှိ ရေးမြို့မရဲစခန်းမှာ အချိန်နှစ်နာရီကျော်အကြာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအ တွင်း ရဲတပ်ဖွဲ့ဝင်သုံးဦးသေဆုံးပြီး စခန်းမှူးဖြစ်သူ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွေအပါ အဝင် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။ ဖေဖော်ဝါရီ ၉ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့တဲ့ ဒီပစ်ခတ်မှုဟာ ရေးမြို့မရဲစခန်းက ဒုရဲအုပ်နိုင်လွင်ဦး ဦးဆောင်တဲ့အဖွဲ့က အချုပ်ခန်းအတွင်းရှိ အချုပ်သားတွေကို…

သိမ်ဇရပ် PDF စစ်ဆေးရေးဂိတ် ဒရုန်းနဲ့တိုက်ခိုက်ခံရ၊ အရပ်သားနှစ်ဦးအပါအဝင် ငါးဦးဒဏ်ရာရ

သိမ်ဇရပ်၊ ဖေဖော်ဝါရီ ၂ မွန်ပြည်နယ် သိမ်ဇရပ်မြို့ သုံးခွကျေးရွာရှိ ပြည်သူ့ကာကွယ်ရေးတပ် PDF စစ်ဆေးရေးဂိတ် ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် ခရီးသွားအရပ်သား နှစ်ဦးအပါအဝင် ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ စစ်ကောင်စီရဲ့ သိမ်ဇရပ်အခြေစိုက် အမှတ် ၂၀၇ ခြေမြန်တပ်ရင်းက ဒရုန်းနှစ်စီးဟာ သုံးခွကျေးရွာရှိ PDF…

ကနေဒါ၊ မက္ကစီကိုနဲ့ တရုတ်တို့ကို အခွန်တိုးကောက်မယ်လို့ အမေရိကန် တရားဝင်ကြေညာ

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ဖေဖော်ဝါရီ ၁ ရက်ကစလို့ ကနေဒါနဲ့ မက္ကစီကိုတို့ကို အခွန်၂၅ ရာခိုင်နှုန်းနဲ့ တရုတ်ကို အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံသွားမှာ ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ သမ္မတ ထရန့်က ကနေဒါ ရေနံတွေအပေါ် အခွန် ၁၀ ရာခိုင်နှုန်းပဲ လျှော့ပြီး…

ထိုင်းတရားရုံးက သက်ဆင်ကို ပြည်ပသို့ ခရီးသွားလာခွင့်ပြု

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁ မိခင်နိုင်ငံကို ပြန်လာဖို့ အာမခံကြေး ဘတ် ၅ သန်းနဲ့အတူ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာရဲ့ ပြည်ပသို့ ယာယီ ခရီးသွားလာခွင့် လျှောက်ထားမှုကို ထိုင်းရာဇဝတ်မှု တရားရုံးက ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂ ရက်ကနေ ၃ ရက်နေ့အထိ မလေးရှားကို သွားရောက်ဖို့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ ခွင့်တောင်းမှုကို…

ERO နဲ့ PDF တွေ ပူးပေါင်းတိုက်ခိုက်တာခံနေရတယ်လို့ စစ်ခေါင်းဆောင်ပြော

နေပြည်တော် ၊ ဖေဖော်ဝါရီ ၁ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ပြည်သူ့ကာကွယ်ရေးတပ် PDF တွေနဲ့ ပေါင်းပြီး တိုင်းနဲ့ ပြည်နယ် ၇ ခုမှာ တိုက်ခိုက်နေတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ပြောလာပါတယ်။ ဇန်နဝါရီ ၃၁ ရက်နေ့က ခေါ်ယူခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေးမှာ အ‌ရေးပေါ်သက်တမ်း ၆ လ ထပ်မံတိုးမြှင့်ဖို့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို…

ဘီးလင်း ဒေါဇံကြီးကျေးရွာကို စစ်ကောင်စီ အသေခံဒရုန်း ၆ စီးနဲ့တိုက်ခိုက်

ဘီးလင်း၊ ဖေဖော်ဝါရီ ၁ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဒေါဇံကြီးကျေးရွာကို ဇန်နဝါရီ ၃၁ ရက်နေ့ တစ်ရက်တည်း စစ်ကောင်စီတပ်က အသေခံဒရုန်း ၆ စီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ KNU သထုံခရိုင်ပြောခွင့်ရ ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဖာပွန်အခြေစိုက် စစ်ကောင်စီတပ်ကနေ တိုက်ပွဲမရှိဘဲ ဒေါဇံကြီးကျေးရွာထဲကို မနက် ၇ နာရီအချိန်ခန့်မှာ အသေခံဒရုန်း ၅ စီးနဲ့…

စစ်‌ကောင်စီအပြီးတိုင်ကျဆုံးရေး အတူတကွတိုက်ပွဲဝင်ဖို့ မွန်အဖွဲ့အစည်းတွေတောင်းဆို

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁ စစ်ကောင်စီ အပြီးတိုင်ကျဆုံးရေးအတွက် တွေဝေမှုမရှိဘဲ အတူတကွတိုက်ပွဲဝင်ဖို့ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF နဲ့ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့က အာဏာသိမ်း လေးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်နိုင်ရေးအတွက် ဒေသအသီးသီးက တော်လှန်ရေးအစုအဖွဲ့တွေ ဟန်ချက်ညီညီ ပူးပေါင်းပါဝင် ချိတ်ဆက်ဆောင်ရွက်ဖို့ကိုလည်း ပူးတွဲကြေညာချက်မှာ တိုက်တွန်းထားတာပါ။ စစ်ကောင်စီ ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို…

စစ်အာဏာသိမ်း (၁၄၆၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၂၃၉) ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁ AAPP ရဲ့ ဇန်နဝါရီ၃၁ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၄၆၁) ရက်အတွင်း ပြည်သူ (၆၂၃၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၄၄၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၇၂၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

အာဏာသိမ်းကာလ အကျည်းတန်မှုတွေနဲ့ ၂၀၂၅ ဟာ အဆုံးသတ်နှစ်ဖြစ်လာနိုင်မလား

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကိုရိုက်ချိုးပြီး တိုင်းပြည်ကို စစ်အုပ်ချုပ်ရေးအောက် သွတ်သွင်းခဲ့တဲ့ စစ်တပ်ရဲ့ အာဏာသိမ်းမှုဟာ လူမှုအသိုက်အဝန်းရှိ ကဏ္ဍအားလုံးကို ချွတ်ခြုံကျစေခဲ့တာ လေးနှစ်ပြည့်ခဲ့ပါပြီ။ စစ်အာဏာသိမ်းမှု လေးနှစ်တာအတွင်း လူထုတွေရဲ့ ဘဝများစွာပျက်စီးဆုံးရှုံးခဲ့ရပြီး ထိခိုက်သေ ကြေမှုနဲ့အတူ ဖမ်းဆီးဖိနှိပ်မှုတွေ စစ်မှုထမ်းခိုင်းတာတွေ မလုံခြုံမှုတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေစတဲ့ အကျပ်အတည်းတွေကို ရင်ဆိုင်ခဲ့ကြရတာပါ။ ဒ့ါအပြင် အရပ်သားတွေကိုဦးတည်ပြီး လက်နက်ကြီးနဲ့…

မွန်ပြည်နယ်မှာ ဒရုန်းနဲ့တိုက်ခိုက်မှု စစ်ကောင်စီအရှိန်မြှင့်လာ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁ မွန်ပြည်နယ်မှာ ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်က တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်သား ပစ်မှတ်တွေကို ဒရုန်းနဲ့တိုက်ခိုက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်လာတယ်လို့ သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။ ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်ဟာ ကျိုက်ထို၊ဘီးလင်း၊ သထုံ၊ သံဖြူဇရပ်၊ ရေးနဲ့ ကျိုက်မရောမြို့နယ်တို့က တော်လှန်ရေးတပ်ဖွဲ့တွေ စခန်းချထားတဲ့နေရာတွေနဲ့ အရပ်သားပစ်မှတ်တွေကို ဒရုန်းနဲ့ တိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တာပါ။…