ကွတ်ခိုင်မှာ မိုင်းနင်းမိပြီး ကလေးငယ်နှစ်ဦးသေဆုံး
ကွတ်ခိုင်၊ ဖေဖော်ဝါရီ ၆ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် နမ့်ဆိုင်ကျေးရွာမှာ ကလေးငယ်လေးဦး မိုင်းနင်းမိတာကြောင့် က လေးငယ်နှစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ နေ့လည် ၁၁ နာရီခွဲအချိန်ခန့်မှာ နမ့်ဆိုင်ကျေးရွာနေ ကလေးငယ် လေးဦးဟာ ချောင်းတစ်ခုအတွင်း ငါးသွားဖမ်းနေချိန် လက်လုပ်မိုင်း နင်းမိခဲ့တာပါ။…