ဘားအံမြို့နယ် ဝတ်ကြီးဒေသကို စစ်တပ်လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေ
ဘားအံ၊ ဖေဖော်ဝါရီ ၁၅ ကရင်ပြည်နယ် ဘားအံမြို့နယ် ဝတ်ကြီးဒေသထဲကို စစ်ကောင်စီတပ် လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေတာကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်လန့်နေရပြီး ရွှေ့ပြောင်းတာတွေရှိနေတယ်လို့ ဘားအံသတင်းရင်းမြစ်နဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ ဘားအံမြို့ တောင်ကလေးရွာနဲ့ စက်မှုဇုန်ကြားမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အမြောက်တပ်ရင်းထဲကနေ ဖေဖော်ဝါရီ ၁၄ ရက် ည ၁၀ နာရီအချိန်မှာ KNU တပ်မဟာ ၁…