ကျိုက်ထိုအခြေစိုက် တပ်ရင်းတွေမှာ စစ်ကောင်စီ ဒရုန်းအများအပြား အင်အားဖြည့်ထား
ကျိုက်ထို၊ ဖေဖော်ဝါရီ ၂၆ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းရှိ တပ်မ ၄၄ ဌာနချုပ်အပါအဝင် စစ်ကောင်စီတပ်ရင်းတွေမှာ ဒရုန်းတွေ အင်အားဖြည့်ထားပြီး မော်လမြိုင်-ရန်ကုန်ကားလမ်းမှာ ကင်းပုန်းဝပ်တာတွေ ပိုမိုလုပ် ဆောင်လာတယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ နောက်ဆုံးအပတ်ကစတင်ပြီး ကျိုက်ထိုမြို့နယ်အတွင်းရှိ တပ်မ ၄၄ ဌာနချုပ်၊ ခမရ ၂၀၇၊ အမတ ၃၁၀၊ ဒတရ ၆၀၂၊…