စစ်ကောင်စီ ပိတ်ဆို့ဖမ်းဆီးမှုကြောင့် ထိုင်းကုန်ပစ္စည်းဝင်ရောက်မှု ရပ်တန့်
မော်လမြိုင် ၊ မတ် ၈ ထိုင်း-မြန်မာနယ်စပ်ကတဆင့် ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းတွေကို စစ်ကောင်စီပူးပေါင်းအဖွဲ့တွေရဲ့ ပိတ်ဆို့ဖမ်းဆီးမှုကြောင့် ထိုင်းကုန်ပစ္စည်းဝင်ရောက်မှု ရပ်တန့်သွားပြီလို့ နယ်စပ်ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ ညွှန်ကြားချက်ကြောင့် ထိုင်းကုန်ပစ္စည်းတွေကို မတ်လဆန်းပိုင်းကစပြီး ကရင်ပြည်နယ် ဘားအံမြို့အထွက်နဲ့ လှိုင်းဘွဲမြို့နယ် ထီလုံကျေးရွာ စစ် ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီပူးပေါင်းအဖွဲ့က ပိတ်ဆို့ဖမ်းဆီးနေတာပါ။ နယ်စပ်ကုန်သည်တွေရဲ့ အဆိုအရ…