မွန်ပြည်နယ်မှာ ပွဲလမ်းသဘင်တွေကို စစ်ကောင်စီ ဆက်တိုက်ခွင့်ပြုပေးနေ
မော်လမြိုင် ၊ ဧပြီ ၈ နိုင်ငံတဝန်းမှာ ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေ မြင့်တက်နေချိန် မွန် ပြည်နယ်မှာတော့ ပြည်နယ်စစ်ကောင်စီက ပွဲလမ်းသဘင်တွေကို ဆက်တိုက်ခွင့်ပြုပေးနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ငလျင်ဘေးဒဏ်ကြောင့် နိုင်ငံအတွင်းရှိ ပြည်သူတွေဟာ ပူဆွေးသောကရောက်နေချိန် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ မွန်ပြည်နယ်အစိုးရအဖွဲ့ကတော့ မော်လမြိုင်မြို့ပေါ်အပါအဝင် ပြည် နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာတွေမှာ ပျော်ပွဲရွှင်ပွဲတွေကို…