2025

ဧပြီလကုန်အထိ အပစ်ရပ်မယ်လို့ စစ်‌ကောင်စီ ကြေညာ

နေပြည်တော် ၊ ဧပြီ ၂၃ ငလျင်သင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆက်လက်ဆောင်ရွက်နိုင်စေရေး စစ်ကောင်စီတပ်အနေနဲ့ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလကို ဧပြီ ၂၃ ရက်ကနေ ၃၀ ရက်နေ့အထိ ထပ်မံတိုးမြှင့်လိုက်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ပြန်လည်တည်ဆောက်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ထိခိုက်ပျက်စီးခဲ့ရတဲ့ အစိုးရ ရုံးဌာနတွေ၊ ပြည်သူတွေရဲ့ အိုးအိမ်နဲ့ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းတွေ ပြန်လည်တည်ဆောက်သွားမယ်လို့ စစ်ကောင်စီက…

ကော့ကရိတ်မြို့က ဘုန်းကြီးကျောင်းပျက်စီးမှု PDF တွေကြောင့်လို့ စစ်ကောင်စီ သတင်းမှားဖြန့်

အမှန်/အမှား +++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့ “ကရင်ပြည်နယ် ကော့ကရိတ်မြို့အတွင်းသို့ တော်လှန်ရေးအင်အားစုတွေ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်းဆောင် တချို့ ပျက်စီးတယ်”ဆိုပြီး စစ်ကောင်စီဘက်က သတင်းအမှားဖြန့်ချိနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို…

လားရှိုးမြို့ အလွှဲအပြောင်းကိစ္စ စောင့်ကြည့်ဖို့ တရုတ်က အဖွဲ့တစ်ဖွဲ့ စေလွှတ်ထား

ပေကျင်း ဧပြီ ၂၃ တရုတ်နိုင်ငံဟာ မြန်မာစစ်ကောင်စီနဲ့ MNDAA အဖွဲ့တို့ကြား အပစ်ရပ်ရေးအတွက် ကြားဝင်ညှိနှိုင်းပေးဖို့ အဖွဲ့တစ်ဖွဲ့ကို မြန်မာနိုင်ငံဆီ စေလွှတ်ထားတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂၂ ရက်မှာ ပြောလိုက်ပြီး ဒါဟာ ကျယ်ပြန့်လာနေတဲ့ ပြည်တွင်းစစ်မှာ နက်နက်ရှိုင်းရှိုင်း ပါဝင်နေပြီဆိုတာ အချက်ပြလိုက်တာ ဖြစ်တယ်လို့ ထိုင်းဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်ကတည်းက…

စစ်အာဏာသိမ်း (၁၅၄၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၅၃၃) ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ ၂၃ AAPP ရဲ့ ဧပြီ ၂၂ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၄၂) ရက်အတွင်း ပြည်သူ (၆၅၃၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၀၅၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၈၈၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

စစ်ရေးအရှိန်မြှင့်နိုင်ရေး မွန်၊ ကရင်နဲ့ ထားဝယ်လက်နက်ကိုင်တပ်တွေ မဟာမိတ်အဖြစ်ပူးပေါင်း

ရေဖြူ ၊ ဧပြီ ၂၃ လက်နက်ကိုင်တပ်ဖွဲ့တွေကြား စစ်ရေးအရ အချိတ်အဆက်မိမိ အရှိန်မြှင့်ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး ဒေါနစစ်ကြောင်းအပါအဝင် ABDSF နဲ့ မွန်၊ ကရင်၊ ထားဝယ် လက်နက်ကိုင်တပ်တွေ စစ်ရေးမဟာမိတ်အဖြစ် ပူးပေါင်းခဲ့ပါတယ်။ မဟာမိတ်အဖြစ် ပူးပေါင်းခဲ့ကြတဲ့အဖွဲ့တွေထဲမှာ ဒေါနစစ်ကြောင်း (၃) (တပ်ခွဲ-၄၊ တပ်ခွဲ-၆၊ တပ် ခွဲ-၇) ၊ KNU တပ်မဟာ ၆…

မွန်ပြည်နယ်မှာ စစ်မှုထမ်းအပတ်စဉ် ၁၂ သင်တန်း စတင်၊ လူငယ်တစ်ရာဝန်းကျင် စစ်သားစုဆောင်းခံရ

မော်လမြိုင် ၊ ဧပြီ ၂၃ နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်နေတဲ့ မွန်ပြည်နယ်မှာ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁၂ သင်တန်းကို ဧပြီ ၂၂ ရက်နေ့ မနက်ပိုင်းမှာ စတင်ဖွင့်လှစ်ခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ စစ်မှုထမ်း အပတ်စဉ် ၁၂ သင်တန်းအတွက် စစ်သားစုဆောင်းခံရတဲ့ လူငယ်တွေကို စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက…

တနင်္သာရီတိုင်းမှာ တစ်လအတွင်း အရပ်သား ၃၀၀ ထက်မနည်း ဖမ်းဆီးခံရပြီး ၁၂ ဦး သတ်ဖြတ်ခံရ

တနင်္သာရီ၊ ဧပြီ ၂၃ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့မတ်လအတွင်း စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သား ၁၂ ဦး သေဆုံးခဲ့ပြီး ၃၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thaninthatyi က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မတ်လတစ်လအတွင်း တနင်္သာရီတိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အရပ်သားတွေ သေဆုံးခဲ့ရတာပါ။…

စစ်ကောင်စီ အပြင်ထွက်ခွင့်ပိတ်ထားတဲ့ ကော့ကရိတ်မြို့မှာ ကုန်ဈေးနှုန်းထိုးတက်လာ

ကော့ကရိတ်၊ ဧပြီ ၂၃ ကရင်ပြည်နယ် ကော့ကရိတ်မြို့ အဝင်အထွက် စစ်ဆေးရေးဂိတ်တွေကို စစ်ကောင်စီတပ်က ပိတ်ထားလိုက်ပြီး မြို့ခံပြည်သူတွေကို အပြင်ထွက်ခွင့်မပေးဘဲ ပိတ်ထားလိုက်ချိန် မြို့ပေါ်မှာ စက်သုံးဆီနဲ့ ဆန်စတဲ့ စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာတယ်လို့ ကော့ကရိတ်မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကော့ကရိတ်နဲ့ ကျုံဒိုးမြို့ အနီးပတ်ဝန်းကျင်တွေမှာ စစ်ကောင်စီတပ်နဲ့ KNLA ဦးဆောင်တဲ့ တော် လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲပြင်းထန်နေတဲ့အချိန် ပြီးခဲ့တဲ့…

ဒေါ်အောင်ဆန်းဆုကြည်ကို ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ဂုဏ်ပြု

ဝါရှင်တန် ဧပြီ ၂၂ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီးအကျဉ်းချခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်မှာ ဖြစ်တဲ့အကြောင်း ပြည်သူ့ဂုဏ်ရည်အသင်းက ကြေညာပါတယ်။ ၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ဂုဏ်ပြုပွဲ အခမ်းအနားကိုတော့ အမေရိကန်ပြည်ထောင်စု ဟူစတန်မြို့မှာ မေ ၂၄ ရက်နေ့ ညနေပိုင်း ကျင်းပမယ်လို့ အဲဒီအဖွဲ့က ကြေညာထားတာပါ။ ၁၅ ကြိမ်မြောက်…

ယူကရိန်းကို နေတိုးအဖွဲ့ဝင် ဖြစ်ခွင့်မပေးတဲ့ အမေရိကန်ကြောင့်ကျေနပ်မိတယ်လို့ ရုရှား ပြော

မော်စကို၊ ဧပြီ ၂၂ ယူကရိန်းကို နေတိုးအဖွဲ့ဝင် ဖြစ်ခွင့်မပေးရေး အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် အစိုးရရဲ့ ရပ်တည်မှုကြောင့် ရုရှားအနေနဲ့ ကျေနပ်ရတယ်လို့ ကရင်မလင်နန်းတော်က ဧပြီ ၂၁ ရက်က ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ ထရန့်က အခု သီတင်းပတ်အတွင်း ငြိမ်းချမ်းရေး သဘောတူညီမှု ရမယ်လို့ မျှော်လင့်ကြောင်း ပြောဆိုမှုနဲ့ပတ်သက်လို့တော့ ကရင်မလင်က မှတ်ချက်မပေးပါဘူး။ ငြိမ်းချမ်းရေး…