နမ္မတူ၊ ဇွန် ၁၂
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာ လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းအပါအဝင် အရပ်သားပြည်သူတွေရဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဒီကနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ဒီနေ့ ဇွန်လ ၁၂ ရက်နေ့ မနက်အစောပိုင်း ၁ နာရီအချိန်ခန့်မှာ နမ္မတူမြို့နယ် မန်လီကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဂျက်ဖိုက်တာလေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက်ကြဲချတိုက် ခိုက်ခဲ့တာပါ။
စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် မန်လီကျေးရွာရှိ ဘုန်းကြီးကျောင်း၊ စာသင် ကျောင်းနဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။
တအာင်းပြည် တပ်မဟာ ၈ နယ်မြေ နမ္မတူမြို့နယ် မန်လီကျေးရွာဟာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မ တော်တို့ကြား တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ကာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် မိဘပြည်သူတွေအနေဖြင့် စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကို ရှောင်ရှားဖို့အတွက် စစ်ရေးသတိရှိဖို့ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက် နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့ အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကလည်း နမ္မတူမြို့နယ် မန်လီကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းဆရာမတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA