မြဝတီ၊ ဇွန် ၅

ကရင်ပြည်နယ် မြဝတီခရိုင် ဝေါ်လေဒေသအတွင်းရှိ စစ်ကောင်စီရဲ့ သေဘောဘိုးစစ်စခန်းကို ပြန် လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက အတည်ပြုထုတ်ပြန်ပါတယ်။

သေဘောဘိုးတပ်စခန်းကို ဇွန် ၃ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်မှာ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာပါ။

သေဘောဘိုးစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးပြီး ၇၀ ဦး လက် နက်ချ အညံ့ခံခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

သေဘောဘိုးစခန်းကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း KNU ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပ ထမအကြိမ် သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး အဲဒီနောက်မှာတော့ စစ်ကောင်စီဘက်က အင်အားအလုံး အရင်းနဲ့ ပြန်လည်တပ်စွဲခဲ့တာပါ။

သေဘောဘိုးစခန်းဟာ KNU တပ်မဟာ ၆ ကော့ကရိတ်မြို့နယ် သေဘောဘိုးကျေးရွာအတွင်းမှာ ၁၉၉၇ ခုနှစ်ကတည်းက စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲခဲ့တဲ့ စခန်းတစ်ခုဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.