ရေဖြူ၊ ဇွန် ၅

တနင်္သာရီတိုင်း ရေဖြူမြို့နယ် မင်းသားကျေးရွာအုပ်စု ဆင်စွယ်ကျေးရွာမှာ စစ်ကောင်စီတပ် ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂ ရက်နေ့က ဆင်စွယ်ကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့ သွားနေစဉ် နယ်မြေရှင်းလင်းရေး ထွက်လာတဲ့ စစ်ကောင်စီတပ်အင်အား ၃၀ နီးပါးနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး လက်ဦးမှုရယူကာ တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက လက်ဦးမှု ရယူနိုင်ခြင်းကြောင့် စစ်ကောင်စီတပ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီတိုက်ပွဲအတွင်း ဆင်စွယ်ကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကိုလည်း လက် နက်ကြီး ၅ လုံးထက်မနည်း ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်မှု အသေးစိတ် မသိရသေးဘူးလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို မွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဖြစ်တဲ့ ဒေါနစစ်ကြောင်း(၃)-KBDF၊ LPF ၊ ဒေါနစစ်ကြောင်း (၂) – YGF ၊ NMSP (AD) နဲ့ Nonentity Coach လေ့ကျင့်ရေးတပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MSRF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.