လန်ဒန်၊ ဇွန် ၄
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စကားလုံးတွေနဲ့ ဖော်ပြလို့ မရနိုင်တဲ့ ဝမ်းနည်းစရာ အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ ကြားဝင်ဖြေရှင်းပေးဖို့၊ စစ်ကောင်စီ ဖမ်းဆီးထောင်ချထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားနဲ့တွေ့ဆုံဖို့ ဗြိတိန်ဝန်ကြီးချုပ် ဆာကီယာ စတာမာကို တိုက်တွန်းမှုတွေ ရှိနေပါတယ်။
လွန်ခဲ့တဲ့ လေးနှစ်က စစ်တပ် အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေး အကျဉ်းသား ၂၂၀၀၀ တို့ရဲ့ အတိဒုက္ခတွေကို မီးမောင်းထိုးပြထားတဲ့ အစီရင်ခံစာအသစ် တစ်ခုမှာ အခုလိုမျိုး တိုက်တွန်းထားတာ ဖြစ်ပါတယ်။

အဲဒီ အစီရင်ခံစာထဲမှာ အရပ်သားတွေအပေါ် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု မြေပြင်တိုက်ခိုက်မှုတွေနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ ခေါင်းဖြတ်သတ်တာ၊ ကွပ်မျက်တာ၊ မုဒိမ်းကျင့်တာနဲ့ ညှဉ်းပန်းနှိပ်စက်တာတွေအပါအဝင် ရက်စက် ယုတ်မာမှုတွေကိုလည်း ဖော်ပြထားပါတယ်။
Independent သတင်းဌာနရဲ့ ရုပ်သံမှတ်တမ်းထဲ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဖော်ပြရာမှာ ဝီလီယံ ဟေ့ဂ်က သူ့အပေါ် ဝေဖန်ဖို့တာ ဖြစ်နိုင်ပေမယ့် သူလွတ်မြောက်ဖို့အတွက်လည်း တောင်းဆိုသင့်တယ်လို့ ပြောထားပါတယ်။
ယခုနှစ်စောစောပိုင်းမှာ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပထမဆုံး အကြိမ်အဖြစ် တိုက်ရိုက် တောင်းဆိုမှုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့နဲ့ မြန်မာပြည်သူတွေ ရထိုက်တဲ့ ငြိမ်းချမ်းမှုနဲ့ ဒီမိုကရေစီ ပေးအပ်ဖို့ စစ်ကောင်စီကို ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဆိုးဆိုးရွားရွား လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဗြိတိန်အစိုးရအနေနဲ့ ချက်ချင်း အရေးယူဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း ဗြိတိန် လွှတ်တော်အမတ်တွေကလည်း ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေဟာ စကားလုံးတွေနဲ့ ဖော်ပြလို့ မရနိုင်တဲ့ ဝမ်းနည်းစရာ ဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီးရုံးက ပြောဆိုထားပါတယ်။
ကော်မရှင် ရှေ့မှောက် သက်သေခံ ထွက်ဆိုခဲ့သူတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကင်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေး အရာရှိဟောင်း ရှောင်တာနယ်၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းရေးမှူး တွမ်အန်ဒရူးတို့ ပါဝင်ပါတယ်။
စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေတဲ့ ဘဏ္ဍာငွေ စီးဝင်မှုကို ဖြတ်တောက်ဖို့နဲ့ စစ်ကောင်စီကို တစ်ကမ္ဘာလုံး လက်နက် ပိတ်ဆို့မှုတွေ ပြုလုပ်ရေး နိုင်ငံတကာက ဆောင်ရွက်ဖို့လည်း အဲဒီ အစီရင်ခံစာထဲမှာတိုက်တွန်းထားပါတယ်။
Ref:Independent