ပုလော၊ ဇွန် ၅

တနင်္သာရီတိုင်း ပုလောမြို့နယ် တပိုကျေးရွာမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာလို့ တိုက်ပွဲပြန်ဖြစ်နေပြီး နှစ်ဖက်စစ်ရေး ပြန်လည်တင်းမာနေတယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ ပြန်ကြားရေးတာဝန် ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂ ရက်နေ့က စက်တော်ရာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က အင်အား ၃၀ ကျော်နဲ့ တပိုကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိနာခဲ့တာကြောင့် စစ်ကြောင်းပြန်ထိုးလာနိုင်တဲ့အ တွက် တိုက်ပွဲတွေ ပြန်လည်ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

တပိုကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးသူတွေ ရှိခဲ့ပြီး တော်လှန်ရေးအဖွဲ့တွေဘက်ကတော့ ထိခိုက်တာမရှိဘူးလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီဘက်က နေ့စဉ်နဲ့အမျှ လက်နက်ကြီးတွေ ပစ်ခတ်နေပြီး လေကြောင်းကနေလည်း ကင်းထောက်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် တပိုကျေးရွာထဲ ပြန်လည်နေထိုင်နေကြတဲ့ ဒေသခံတွေဟာ ကျေးရွာကနေ ရွာလုံးကျွတ် ပြန်လည်ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကလည်း ပုလောမြို့နယ် ရှပ်ပုံရွာအနီးမှာ အင်အား ၅၀ ကျော်နဲ့စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Palaw PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.