ဆိုးလ်၊ ဇွန် ၄

ဇွန် ၃ ရက်က ကျင်းပခဲ့တဲ့ တောင်ကိုရီးယား ကြားဖြတ် ရွေးကောက်ပွဲ အတွင်း လစ်ဘရယ်ပါတီ ကိုယ်စားလှယ်လောင်း လီဂျေးမြောင် သမ္မတ အဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရပါတယ်။

မဲ ၁၀၀ ရာခိုင်နှုန်း ရေတွက်ပြီးချိန်မှာ လီဂျေးမြောင်ဟာ မဲပေးသူ ၃၅ သန်းနီးပါးရဲ့ ၄၉ ဒသမ ၄၂ ရာခိုင်နှုန်းရဲ့ ထောက်ခံမှုကို ရရှိခဲ့ ပါတယ်။ ပြိုင်ဖက် ကွန်ဆာဗေးတစ် ကင်မွန်ဆူးလ်ကတော့ ၄၁ ဒသမ ၁၅ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။

တောင်ကိုရီးယားမှာ ၁၉၉၇ ခုနှစ် နောက်ပိုင်း သမ္မတ ရွေးကောက်ပွဲမှာ ပါဝင် မဲပေးသူ အရေအတွက် အများဆုံး ရှိခဲ့တယ်လို့ အမျိုးသား ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ လီကို ဇွန် ၄ ရက်မှာ အမျိုးသား ရွေးကောက်ပွဲ ကော်မရှင်က သမ္မတအဖြစ် တရားဝင် အတည်ပြုခဲ့ပြီး စစ်ဦးစီးချုပ်အဖြစ်လည်း အတည်ပြုပေးခဲ့ပါတယ်။

သမ္မတအသစ်ဖြစ်လာမယ့် လီက နိုင်ငံ့ စီးပွားရေး ပြန်လည် ရှင်သန်လာအောင် လုပ်ဖို့ နျူကလီးယား လက်နက်ပိုင်ဆိုင်ထားတဲ့ အိမ်နီးချင်း မြောက်ကိုရီးယားနဲ့ ဆွေးနွေးမှုတွေနဲ့ အင်အားတွေကတဆင့် ငြိမ်းချမ်းရေး ရအောင် ကြိုးပမ်းမယ်လို့ ကတိပြုထားပါတယ်။

တောင်ကိုရီးယားသမ္မတဟောင်း ယွန်ဆွတ်ယိုလ်ဟာ စစ်အုပ်ချုပ်ရေး ကြေညာမှုနဲ့ ပတ်သက်လို့ စွပ်စွဲ ပြစ်တင်ခံရပြီး နိုင်ငံတော် တရားရုံးက သူ့ရဲ့ ၅ နှစ် ရာထူးသက်တမ်း သုံးနှစ် မပြည့်ခင်မှာ ထုတ်ပယ်ခဲ့ပါတယ်။

ပြိုင်ဖက် ကွန်ဆာဗေးတစ် ကင်ဟာ သမ္မတဟောင်း ယွန်လက်ထက်မှာ အလုပ်သမားဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး သမ္မတဟောင်းရဲ့ စစ်အုပ်ချုပ်ရေး ကြေညာမှုကို မတားဆီးပေးခဲ့တဲ့အတွက် သူ့ရဲ့ ပြည်သူ့အင်အားပါတီကို အပြစ်တင်ထားပါတယ်။

သမ္မတ အဖြစ် လီ ရွေးကောက်ခံရတာဟာ လွတ်လပ်မျှတမှု ရှိတယ်လို့ အိမ်ဖြူတော်က ပြောကြားပြီး ကမ္ဘာတဝန်း ဒီမိုကရေစီ နိုင်ငံတွေမှာ တရုတ် ကြားဝင်စွက်မှု သြဇာလွှမ်းမိုးမှုနဲ့ ပတ်သက်လို့ အမေရိကန်က စိုးရိမ်နေဆဲ ကန့်ကွက်နေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.