May 2025

ရွှေကွန်ချာ ဒုံးကျည် ကာကွယ်ရေးစနစ်ကို ထရန့် မိတ်ဆက်

ဝါရှင်တန်၊ မေ ၂၁ အမေရိကန်က ခေတ်မီနည်းပညာပါဝင်တဲ့ ရွှေကွန်ချာ ဒုံးကျည် စနစ်အတွက် ဒီဇိုင်း တစ်ခုကို ရွေးချယ်လိုက်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောကြားပြီး သူ့ရဲ့ ရာထူး သက်တမ်း အဆုံးသတ်ချိန်မှာ အသုံးပြုနိုင်လိမ့်မယ်လို့ ဖြည့်စွက် ပြောကြား ပါတယ်။ ဇန်နဝါရီက အိမ်ဖြူတော်သို့ ရောက်ရှိလာပြီး ရက်ပိုင်းအကြာမှာ ထရန့်က ပဲ့ထိန်း…

‎လာမယ့် ၅ နှစ်တာအတွက် တရုတ်က WHO ကို ဒေါ်လာ သန်း ၅၀၀ ပေးမယ်

‎ဂျီနီဗာ၊ မေ ၂၁‎‎ထိပ်တန်း အလှူရှင်နိုင်ငံ အမေရိကန်ကို လက်လွှတ်ဆုံးရှုံးရတော့မယ့် အခြေအနေမှာ ရန်ပုံငွေ ပိုမိုရရှိရေး ကြိုးပမ်းနေချိန် မေ ၂၀ ရက်က ကျင်းပခဲ့တဲ့ ကမ္ဘာ့ ကျန်းမာရေး ညီလာခံမှာ တရုတ်က လာမယ့် ၅ နှစ်တာအတွက် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO ကို ကန်ဒေါ်လာ သန်း ၅၀၀ ထပ်ဆောင်း ပေးအပ်သွားမှာ…

သံဖြူဇရပ်-မုဒုံလမ်းပေါ်က စစ်တပ်စခန်းကို မွန်ပြည်သစ် AD ဝင်တိုက်

မုဒုံ၊ မေ ၂၁ မွန်ပြည်နယ် မုဒုံမြို့နယ် ရောင်းဒေါင်းကျေးရွာအနီး သံဖြူဇရပ်-မုဒုံကားလမ်းပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ မနေ့ မေ ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်လောက်မှာ အင်အား ၃၀ ကျော်နဲ့ တပ်စွဲထားတဲ့ အဲဒီစခန်းကို မွန်ပြည်သစ်ပါတီ…

မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်ဖြစ်ပါက ဓာတ်အားလိုအပ်ချက် ပြည့်မီကျော်လွန်နိုင်ကြောင်း စစ်ခေါင်းဆောင် ပြော

မော်လမြိုင် မေ ၂၁ ကချင်ပြည်နယ်မှာ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို မရပ်ဆိုင်းဘဲ အကောင်အထည် ဖော်ဖြစ်ခဲ့မည်ဆိုပါက မြန်မာတစ်နိုင်ငံလုံးရဲ့ ဓာတ်အားလိုအပ်ချက် ပြည့်မီရုံသာမက ကျော်လွန်တဲ့အနေအထားကို ရောက်သွားနိုင်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။ မေ ၂၀ ရက်က နေပြည်တော်မှာ ဒုတိယနေ့အဖြစ် ဆက်လက်ပြုလုပ်တဲ့ စစ်ကောင်စီ အစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ အခုလိုမျိုး ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။…

စစ်အာဏာသိမ်း (၁၅၇၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၇၀၀) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၂၁ AAPP ရဲ့ မေ ၂၀ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၇၀) ရက်အတွင်း ပြည်သူ (၆၇၀၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၁၆၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၀၇၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

တပ်လော်ဘီတွေရဲ့ ဝါဒဖြန့်ပုံဖျက်မှု တော်လှန်ရေးအပေါ် သက်ရောက်နိုင်မလား

နေပြည်တော် ၊ မေ ၂၁ ဝါဒဖြန့်ချိရေး ယန္တရားတွေကို စစ်ကောင်စီက နိုင်ငံပိုင်ရုပ်သံတွေနဲ့ သတင်းစာတွေ အွန်လိုင်းပ လက်ဖောင်းတွေအပြင် စစ်တပ်လော်ဘီတွေကိုအသုံးပြုပြီး ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်ပုံဖျက်မှုတွေ တိုးမြှင့်လာနေပါတယ်။ အိုးတိန်တွင်း စာသင်ကျောင်း ဗုံးကြဲခံရတဲ့ဖြစ်စဉ်မှာ သိသာထင်ရှားစွာ စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေကို ဖုံးကွယ်ဖို့ ဇာတ်ကြောင်းအမှားတွေနဲ့ ဝါဒဖြန့် ပုံဖျက်မှုတွေကို သတင်းမီဒီယာတွေရဲ့ ပို့စ်အောက်မှာ အကောင့်တုတွေနဲ့ အုံလိုက်ကျင်းလိုက် ရေးသားကြတာ…

စာသင်ကျောင်းတွေ ဗုံးပတ်ကြဲနေတဲ့ စစ်ကောင်စီက ပညာရေးကို မဖျက်ဆီးဖို့ပြောလာ

နေပြည်တော် ၊ မေ ၂၁ နိုင်ငံတဝန်းရှိ စာသင်ကျောင်းတွေကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေတဲ့ စစ်ကောင် စီက တော်လှန်ရေး အင်အားစုတွေကို အကြမ်းဖက်သမားလို့ သုံးနှုန်းပြီး ပညာရေးကဏ္ဍကို မနှောင့် ယှက်ဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလာပါတယ်။ မေ ၁၉ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီအစိုးရအဖွဲရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအ ဝေးမှာ စစ်ခေါင်းဆောင်က အမှားစကားပြောကြားရာမှာ…

ကျုံဒိုးမြို့မှာ CDM ကျောင်းဆရာတစ်ဦး လက်နက်ကြီးစထိမှန်သေဆုံး

ကော့ကရိတ်၊ မေ ၂၁ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့မှာ စစ်ရှောင်ရာကနေ နေအိမ်ခဏပြန်လာတဲ့ CDM ကျောင်းဆရာတစ်ဦး လက်နက်ကြီးစထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မေ ၁၉ ရက်နေ့ နေ့လယ် ၁ နာရီခန့်မှာ CDM ကျောင်းဆရာ ကိုသက်ဦးဟာ နေအိမ်မှာရှိတဲ့ ပစ္စည်းတချို့ လာရောက်ကောက်စဉ် သူနေအိမ်အနီးကို လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာပါ။…

ထိုင်း-မြန်မာနယ်စပ် မော်ဖိုးကေးစစ်တပ်စခန်း နာရီပိုင်းအတွင်း သိမ်းပိုက်ခံရ

လှိုင်းဘွဲ၊ မေ ၂၁ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျော်ကေထရွာနားမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ မော်ဖိုးကေစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၇ ပူးပေါင်းတပ်ဖွဲ့တွေ နာရီပိုင်းအတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ KNU တပ်မဟာ ၇ ပိုင်ကျုံမြို့နယ် ထိုင်းနယ်စပ်နားမှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်စခန်းတွေဖြစ်ကြတဲ့ မော်ဖိုးကေစခန်းနဲ့ နော်တရာစခန်း ၂ ခုထဲက…

အမေဇုန်တောထဲမှာ လုံခြုံရေး အဆင့်မြင့် အကျဉ်းထောင် ဖွင့်လှစ်ဖို့ ပြင်သစ် စီစဉ်

‎စိန့်လောရင့်စ် ဒူမာရိုနီ၊ မေ ၂၀‎‎မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေနဲ့ အစွန်းရောက် အစ္စလာမ်မစ်တွေကို ဖမ်းဆီးထာဖို့ ပြင်သစ် ဂူယာနာ ဒေသမှာ လုံခြုံရေး အဆင့်မြင့် အကျဉ်းထောင် အသစ် တစ်ခု တည်ဆောက်မှာ ဖြစ်ကြောင်း ပြင်သစ် တရားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။‎‎အဲဒီ အကျဉ်းထောင် အသစ်မှာ မူးယစ်ဆေးဝါးရောင်းဝယ်မှု ကွင်းဆက်အတွင်း ပါဝင်တဲ့ ရာဇဝတ်သား အားလုံးကို ဖမ်းဆီးထားမှာ ဖြစ်တယ်လို့…