ပုလောမြို့မရဲစခန်း ဝင်တိုက်ခံရလို့ ဒုရဲအုပ်အပါအဝင် နှစ်ဦးသေဆုံး
ပုလော၊ မေ ၁၀ တနင်္သာရီတိုင်း ပုလောမြို့ရှိ ပုလောမြို့မရဲစခန်း ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် ဒုရဲအုပ်အ ပါအဝင် ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မြိတ်ခရိုင်တပ်ရင်း ၁ ထံကနေ သိရပါတယ်။ မနေ့ မေ ၉ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပုလောမြို့မရဲ စခန်းကို အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု…