May 2025

စစ်ကောင်စီတပ်သားတစ်ဦး KNLA ထံ လက်နက်ချအလင်းဝင်

မုန်း၊ မေ ၁၃ ပဲခူးတိုင်း မုန်းမြို့နယ်မှာ စစ်ကောင်စီတပ်သား တစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် KNLA ထံ လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက မေ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ အမှတ် ၄၃၉ ခြေမြန်တပ်ရင်းက တပ်သား သက်အောင်ဟာ MA 11 သေနတ်တစ်လက်၊ ကျည်ဘောက်…

အပစ်ရပ်ထားပေမယ့် နောင်ချိုနဲ့ မိုင်းငေါ့မြို့ကို စစ်ကောင်စီ ဆက်လက်တိုက်ခိုက်နေ

နောင်ချို၊ မေ ၁၃ တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နဲ့ မိုင်းငေါ့မြို့မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှု ဆက်လက်လုပ် ဆောင်နေတယ်လို့ TNLA က မေ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၁ ရက် နေ့လည် ၂ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်ဟာ တိုက်ပွဲမရှိဘဲ နောင်ချိုမြို့နယ်ရှိ…

အိုးထိန်းတွင်း စာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှု ဘယ်လိုဖြစ်ခဲ့တာလဲ။

“ခါတိုင်းကတော့ အားလုံးက သတိထားနေကြတာပဲ။ ဒီကနေ့ကျမှ အမှုမဲ့ အမှတ်မဲ့ ဖြစ်သွားတာ။ ဒီစာသင်ကျောင်းကိုပဲ အတိအကျ တပတ်ပတ်ပြီး သေချာချိန်ပြီးတော့ ကြဲသွားတာ” – ဒီပဲယင်းဒေသခံတစ်ဦး စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းကို မေ ၁၂ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသူ ၂၂ ဦးအထိ ရှိလာပါတယ်။ သေဆုံးသူတွေထဲမှာ ကျောင်းသား/ကျောင်းသူ…

စစ်အာဏာသိမ်း (၁၅၆၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၆၂၄) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၁၂ AAPP ရဲ့ မေ ၁၃ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၆၂) ရက်အတွင်း ပြည်သူ (၆၆၂၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၁၃၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၉၅၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

ဒီဇင်ဘာရွေးကောက်ပွဲအတွက် စစ်ကောင်စီ ကဏ္ဍစုံပြင်ဆင်လာ

နေပြည်တော် ၊ မေ ၁၃ လာမယ့် ဒီဇင်ဘာမှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီက လက်ရှိမှာ စွန့်လွှတ်နယ်မြေတွေ ရှိနေပေမယ့် သံတမန်ရေး၊ နိုင်ငံရေး၊ စစ်ရေးစတဲ့ ကဏ္ဍတွေမှာ ကြိုတင်ပြင်ဆင်လာနေပါတယ်။ တရုတ်အပါအဝင် နိုင်ငံ့ခေါင်းဆောင် တချို့နဲ့ ရုရှားခရီးစဉ်မှာ တွေ့ဆုံခွင့်ရခဲ့ပြီး ကျင်းပမယ့် ရွေး ကောက်ပွဲကို ထောက်ခံအားပေးကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က…

မွန်ပြည်နယ်မှာ စစ်ကောင်စီရဲ့ စစ်သားစုဆောင်းမှု ရုပ်ပျက်ဆင်းပျက်ဖြစ်လာ

မော်လမြိုင် ၊ မေ ၁၃ မြေပြင်တိုက်ပွဲတွေမှာ အင်အားပြုန်းတီးမှုကို ဆက်လက်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ မွန်ပြည် နယ်မှာ လာမယ့်စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၃ အတွက် လူငယ်တွေကို အတင်းအဓမ္မ ဖမ်းဆီးပြီး စစ်သားစုဆောင်းမှုတွေ အရှိန်မြင့်လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြည်နယ်စစ်ကောင်စီဟာ ညပိုင်းအချိန်တွေမှာ အပြင်ထွက်တဲ့လူငယ်တွေကို အတင်းအဓမ္မဖမ်း ဆီးတာ၊ မူးယစ်ဆေးဝါး သုံးစွဲတဲ့လူငယ်တွေကို ဖမ်းဆီးတာ၊…

ထိုင်း-မြန်မာနယ်စပ်က တာလယ်ဒေသကို စစ်ကောင်စီ ဆက်တိုက်ဗုံးကြဲနေ

လှိုင်းဘွဲ၊ မေ ၁၃ KNU တပ်မဟာ ၇ ထိန်းချုပ်နယ်မြေ လှိုင်းဘွဲမြို့နယ် တာလယ်အုပ်စုထဲကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဆက်တိုက်ဗုံးကြဲနေတဲ့အတွက် နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် တာလယ်ကျေးရွာအုပ်စုမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ တာလယ်ဗျူ ဟာစခန်းကို မေ ၉ ရက်နေ့ကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA…

ကျိုက်ထိုနဲ့ဘီးလင်းမှာ ဗုံးကြဲခံရလို့ အရပ်သားတစ်ဦးသေဆုံး၊ ခြောက်ဦးဒဏ်ရာရ

ကျိုက်ထို၊ မေ ၁၃ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်တို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတစ်ဦးသေဆုံးပြီး ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ မေ ၁၀ ရက်နေ့က ကျိုက်ထိုအခြေစိုက် အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ်ကနေ ကျိုက်ထိုမြို့နယ် ဝင်းကံကျေးရွာနဲ့ ဘီးလင်းမြို့နယ် ကရဝေးဆိပ်ကျေးရွာထဲကို ၁၂၀ မမ လက်နက်ကြီး နှစ်လုံး…

ဒီပဲယင်း စာသင်ကျောင်း ဗုံးကြဲမှု သေဆုံးသူ ၂၂ ဦးအထိ တိုးလာ

ဒီပဲယင်း၊ မေ ၁၂ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းကို ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသူ ၂၂ ဦးအထိ တိုးလာတယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ သေဆုံးသူတွေထဲမှာ ကျောင်းသား၊ကျောင်းသူ ၂၀ ဦးနဲ့ ကျောင်းဆရာ နှစ်ဦး ပါဝင်ပြီး ထိခိုက်ဒဏ်ရာရတာကြောင့် အရေးပေါ်ကုသမှုခံယူနေရသူ ၄၀ နီးပါး ရှိပါတယ်။ ဒီတိုက်ခိုက်မှုဟာ…

ကာတာသို့ သွားရောက်ခွင့် သက်ဆင်ရဲ့ တောင်းဆိုမှု ထိုင်းတရားရုံး ပယ်ချ

ဘန်ကောက်၊ မေ ၁၂ လူဆေးလ်နန်းတော်မှာ ကာတာဘုရင် တာမင် ဘင် ဟာမက် အယ်လ်သာနီ လက်ခံကျင်းပမယ့် ကမ္ဘာ့ခေါင်းဆောင်များ စားပွဲသောက်ပွဲ တက်ရောက်ဖို့ ထိုင်းနိုင်ငံကနေ ထွက်ခွာခွင့်ပေးရေး ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာရဲ့ တောင်းဆိုမှုကို အောက်တရားရုံးရဲ့ ဆုံးဖြတ်ချက်အတိုင်း ထိုင်းအယူခံတရားရုံးက ပယ်ချလိုက်ပါတယ်။ မေ ၈ ရက်မှာ သက်ဆင်ရဲ့ တောင်းဆိုမှုကို ရာဇဝတ်မှုတရားရုံးက ပယ်ချခဲ့ပြီးနောက်…