May 2025

TNLA ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်ကောင်စီတပ် ဆက်တိုက်ဗုံးကြဲနေ

နောင်ချို၊ မေ ၁၄ အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီတပ်ဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ မြို့တွေကို လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲမှုတွေ လုပ်ဆောင်နေတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ မနေ့ မေ ၁၃ ရက်နေ့ ည ၉ နာရီခွဲအချိန်လောက်မှာ နောင်ချိုမြို့နယ် နယ်မြေ ၁၀ ဈေးရပ်ကွက်ကို ပေါင် ၅၀၀ ဗုံး…

ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီရဲ့ တာလယ်ဗျူဟာစခန်းကြီး တိုက်ခိုက်သိမ်းပိုက်ခံရ

လှိုင်းဘွဲ၊ မေ ၁၄ ထိုင်း-မြန်မာနယ်စပ်အနီး ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် တာလယ်ကျေးရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ဗျူဟာစခန်းကြီးကို K ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ KNU တပ်မဟာ ၇ ထိန်းချုပ်နယ်မြေ ထိုင်း-မြန်မာနယ်စပ်အနီး တာလယ်ကျေးရွာထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ ဗျူဟာစခန်းကို လေကြောင်းပစ်ခတ်မှုတွေ ကြားထဲကနေ…

စစ်အာဏာသိမ်း (၁၅၆၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၆၆၂) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၁၃ AAPP ရဲ့ မေ ၁၄ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၆၃) ရက်အတွင်း ပြည်သူ (၆၆၆၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၁၄၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၉၆၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

အရပ်သားပစ်မှတ်တွေကို တွင်ကျယ်စွာ တိုက်ခိုက်တဲ့ စစ်နည်းဗျူဟာ စစ်ကောင်စီအသုံးပြုလာ

ဒီပဲယင်း ၊ မေ ၁၄ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို မြေပြင်တိုက်ပွဲတွေမှာ အ‌ရေးနိမ့်လာနေတဲ့ စစ်ကောင်စီက အားသာချက်ဖြစ်တဲ့ လေကြောင်းကနေ အရပ်သားပစ်မှတ်ကို တွင်ကျယ်စွာ တိုက်ခိုက်တဲ့ စစ်နည်း ဗျူဟာကို အသုံးပြုလာနေပါတယ်။ စစ်ကောင်စီအနေနဲ့ အာဏာသိမ်းမှုအတွင်း စွန့်လွှတ်နယ်မြေတွေအပါအဝင် တပ်စခန်းတွေ တပ်အင်အားနဲ့ လက်နက်ခဲယမ်းများစွာ ပြုန်းတီးခဲ့တဲ့အတွက် အရပ်သားတွေကို ဖိအားပေးတဲ့ စစ်နည်း ဗျူဟာနဲ့ လုပ်ဆောင်နေတာလို့ စစ်ရေးအကဲခတ်တွေက ပြောပါတယ်။…

သထုံမြို့ပေါ်မှာ လူငယ်တွေ ညပိုင်းပေါ်တာဆွဲခံနေရ

သထုံ၊ မေ ၁၄ မွန်ပြည်နယ် သထုံမြို့ပေါ် ရပ်ကွက်တွေမှာ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေက စစ်မှုထမ်းအတွက် လူငယ်တွေကို ညပိုင်းပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ပြုလုပ်လာတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်မှုထမ်းသင်တန်းအတွက် တပ်သားလိုအပ်ချက် ရှိနေတဲ့ စစ်ကောင်စီဟာ မေလပထမအပတ်ကစလို့ သထုံမြို့ပေါ်မှာ လူငယ်တွေကို ညပိုင်း ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်လာတာပါ။ သထုံမြို့ခံတွေရဲ့ ပြောပြချက်အရ အခုလအတွင်း လူငယ်…

မွန်နဲ့ပဲခူးအစပ်က ကျေးရွာတွေ ဆက်တိုက်ဗုံးကြဲခံနေရ

ကျိုက်ထို၊ မေ ၁၄ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ ပဲခူးတိုင်း ရွှေကျင်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၅၉၈ ခြေမြန်တပ်ရင်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ စခန်းသိမ်းတိုက်ပွဲဆင်နွှဲပြီးနောက် စစ်ကောင်စီဘက်က နေ့စဉ် ရက်ဆက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေတာပါ။ အထူးသဖြင့် စစ်ကောင်စီဟာ အမှတ် ၅၉၈…

ICC မှာ အဖမ်းခံထားရတဲ့ ဒူတာတေး မြို့တော်ဝန် ရွေးကောက်ပွဲ အနိုင်ရ

ဒါဗောင်၊ မေ ၁၃ လူထောင်နဲ့ချီ သေဆုံးခဲ့တဲ့ မူးယစ်ဆေးဝါး နှိမ်နှင်းမှုနဲ့ ပတ်သက်လို့ သည်ဟေ့ဂ်မြို့ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး ICC မှာ ဖမ်းဆီးခံထားရတဲ့ ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးဟာ သူ့မိသားစုရဲ့ အမာခံ နယ်မြေ ဒါဗောင်မြို့ရဲ့ မြို့တော်ဝန် ရွေးကောက်ပွဲမှာ အနိုင်ရရှိကြောင်း စောစောထွက်ပေါ်လာတဲ့ တစ်စိတ်တစ်ပိုင်း ရလဒ်တွေက ဖော်ပြနေပါတယ်။ သူ့ရဲ့ သစ္စာ…

အကြမ်းဖက် တိုက်ခိုက်မှု ထပ်ဖြစ်ရင် အားကောင်းကောင်းနဲ့ တုံ့ပြန်သွားမယ်လို့ အိန္ဒိယဝန်ကြီးချုပ် ကြွေးကြော်

နယူးဒေလီ၊ မေ ၁၃ အနာဂတ်မှာ အကြမ်းဖက်တိုက်ခိုက်မှု တစ်ခုခု ဖြစ်လာခဲ့ရင် အားကောင်းကောင်းနဲ့ တုံ့ပြန်သွားမှာ ဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာ မိုဒီက မေ ၁၂ ရက်မှာ ကြွေးကြော်လိုက်ပါတယ်။ နောင်တချိန် ပါကစ္စတန်နဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့မယ်ဆိုရင် နယူးဒေလီ အနေနဲ့ နျူကလီးယား အကြပ်ကိုင်မှုကို သည်းခံနေမှာ မဟုတ်ဘူးလို့လည်း ဝန်ကြီးချုပ် မိုဒီက သတိပေးထားပါတယ်။…

ကြီးမားတဲ့ ဘဏ္ဍာရေးအကျပ်အတည်းကြား ရှင်သန်ရပ်တည်ရေး တိုင်းရင်းသားမီဒီယာတွေ ဆွေးနွေး

မော်လမြိုင် မေ ၁၃ အာဏာသိမ်း ၄ နှစ်ကျော်ကာလအတွင်း တိုင်းရင်းသားမီဒီယာတွေဟာ ငွေကြေးထောက်ပံ့မှု၊ လုံခြုံရေးအခက်အခဲ၊ သတင်းပေးပို့/ထုတ်လွှင့်မှုဆိုင်ရာအခက်အခဲတွေ ကြုံနေရတယ်လို့ နိုင်ငံတကာ မြန်မာသတင်း (BNI) အယ်ဒီတာ ဘုတ်အဖွဲ့ဝင် နန်းဖောဂေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ “အကျပ်အတည်းကာလ လွတ်လပ်သော သတင်းမီဒီယာများ ရှင်သန်ရပ်တည်ရေး” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ပြီးခဲ့တဲ့ မေ ၅ ရက်ကနေ ၇…

ဒီပဲယင်းစာသင်ကျောင်း ဗုံးမကြဲခဲ့ဘူးလို့ စစ်တပ်လိမ်လည်ဝါဒဖြန့်

ဒီပဲယင်း၊ မေ ၁၃ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာမရှိဘူးလို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းတွေစာနဲ့ရုပ်သံတွေမှာ လိမ်လည်ငြင်းချက်ထုတ်ပြန်လာပါတယ်။ စစ်ကောင်စီကတော့ သူတို့တပ်ဖွဲ့ဝင်တွေဟာ ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို ဗုံးကြဲတိုက်ခိုက်တာ မရှိဘူးလို့ ဒီပဲယင်း စာသင်ကျောင်း ဗုံးကြဲမှုအပေါ် ငြင်းချက်ထုတ်ပြန်လာတာပါ။ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတော့ မနေ့ မနက်ပိုင်းမှာ အိုးထိန်းတွင်းကျေးရွာ…