ရေးမှာ စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး အရာရှိအပါအဝင် လေးဦးသေဆုံး
ရေး၊ မေ ၁၁ မွန်ပြည်နယ် ရေးမြို့နယ် ကူးတို့ဆိပ်နဲ့ ကားဆိပ်ကျေးရွာကြားမှာ စစ်ကောင်စီတပ် ကြားဖြတ်တိုက် ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် လေးဦးသေဆုံးခဲ့တယ်လို့ တော် လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။ မေ ၁၀ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ အင်အား ၈၀ ကျော်နဲ့ လမိုင်းမြို့ကနေတဆင့် ကူးတို့ဆိပ်ကျေးရွာကို ကားနဲ့ဆင်းသွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကူးတို့ဆိပ်ကျေးရွာကနေ…