ဒီပဲယင်း စာသင်ကျောင်း ဗုံးကြဲမှု သေဆုံးသူ ၂၂ ဦးအထိ တိုးလာ
ဒီပဲယင်း၊ မေ ၁၂ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းကို ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသူ ၂၂ ဦးအထိ တိုးလာတယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ သေဆုံးသူတွေထဲမှာ ကျောင်းသား၊ကျောင်းသူ ၂၀ ဦးနဲ့ ကျောင်းဆရာ နှစ်ဦး ပါဝင်ပြီး ထိခိုက်ဒဏ်ရာရတာကြောင့် အရေးပေါ်ကုသမှုခံယူနေရသူ ၄၀ နီးပါး ရှိပါတယ်။ ဒီတိုက်ခိုက်မှုဟာ…