ကျုံဒိုးတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးအပါအဝင် ၃၀ ဦး သေဆုံး
ကျုံဒိုး၊ မေ ၈ ကရင်ပြည်နယ် ကျုံဒိုးမြို့ နွားခြံကုန်းကျေးရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ချေမှုန်းခံရတာကြောင့် ဒုတပ်ရင်းမှူးအပါအဝင် ၃၀ ဦး သေဆုံးခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့က ကျုံဒိုးမြို့ နွားခြံကုန်းကျေးရွာအနီးကို အင်အား ၅၀ ဝန်းကျင်လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တို့အကြား…