မော်လမြိုင်၊ မေ ၇

စစ်ကောင်စီက အပစ်ခတ်ရပ်စဲရေး ကြေညာထားတဲ့ ကာလအတွင်း နိုင်ငံတစ်၀န် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၃၀၀ နီးပါး သေဆုံးခဲ့ပြီး ၄၅၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေး၀န်ကြီးဌာနက မေ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက ယာယီ အပစ်ခတ်ရေး ကြေညာထားတဲ့ နှစ်ကြိမ်အတွင်း နိုင်ငံတစ်၀န်းမှာ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၂၈၂ ခု ပြုလုပ်ထားတာပါ။

အပစ်ရပ်ကြေညာထားတဲ့ နှစ်ကြိမ်အတွင်း အရပ်သား စုစုပေါင်း ၂၇၆ ဦး သေဆုံးခဲ့ပြီး အဲ့ဒီထဲမှာ အသက် ၁၈ နှစ် အောက် ကလေးငယ် ၃၁ ဦး ပါ၀င်တယ်လို့ ဖော်ပြထားပါတယ်။

ဒေသအလိုက် စစ်ကိုင်းတိုင်းမှာ အများဆုံး ၇၃ ကြိမ်၊ မန္တလေးတိုင်းမှာ ၆၁ ကြိမ်၊ မကွေးတိုင်းမှာ ၂၉ ကြိမ်၊ ကရင်ပြည်နယ်မှာ ၂၂ ကြိမ် လေကြောင်း ကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းမှာ မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း စစ်ကောင်စီက ဧပြီလ ၂ ရက်နေ့ကနေ ၂၂ နေ့အထိ တစ်ကြိမ်၊ ဧပြီလ ၂၂ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ တစ်ကြိမ်နဲ့ အခုတစ်ခါ မေလ ၆ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ တတိယအကြိမ် ယာယီ အပစ်ခတ် ရပ်စဲ ကြောင်း ကြေညာထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဘက်ကလည်း စစ်ကောင်စီဟာ အပစ်အခတ်ရပ်စဲရေးကြေညာပြီး လက်တွေ့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဝေဟင်၊ မြေပြင်တိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.