April 2025

မြန်မာ့ပို့ကုန်တွေအပေါ် အခွန် ၄၄ ရာခိုင်နှုန်း အမေရိကန် ကောက်ခံမယ်

ဝါရှင်တန် ဧပြီ ၃ ပြည်တွင်းစစ်နဲ့ ငလျင်ဘေးဘဏ်သင့်နေတဲ့ မြန်မာနိုင်ငံကနေ ပို့လာတဲ့ ထုတ်ကုန်တွေပေါ် အခွန် ၄၄ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမယ့် အမိန့်တစ်ရပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။ တရုတ်ကို ပစ်မှတ်ထားပြီး ထုတ်ပြန်လိုက်တဲ့ အဲဒီစာရင်းထဲမှာ အရှေ့တောင် အာရှဒေသက ဖွံ့ဖြိုးဆဲနိုင်ငံတချို့နဲ့ အာဖရိကနိုင်ငံ တော်တော်များများ ပါဝင်နေတာကို တွေ့ရပါတယ်။ ဆယ်စုနှစ်နဲ့ချီရှိခဲ့တဲ့ အမေရိကန်ကုန်သွယ်ရေးမူဝါဒကို…

မကွေးတိုင်းမှာ သုံးလအတွင်း စစ်ကောင်စီကြောင့် အရပ်သား ၉၅ ဦး သေဆုံး

ပေါက်၊ ဧပြီ ၃ မကွေးတိုင်းမှာ သုံးလအတွင်း စစ်ကောင်စီတပ်ကြောင့် အပြစ်မဲ့အရပ်သားပြည်သူ စုစုပေါင်း ၉၅ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဧပြီ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ မကွေးတိုင်းမှာ စစ်ကောင်စီလက်ချက်ကြောင့် အမျိုးသမီး ၂၉ ဦးနဲ့…

ကန့်ကွက်မှုတွေရှိပေမယ့် မွန်အမျိုးသားညီလာခံ ဆက်လက်ကျင်းပ

မော်လမြိုင် ၊ ဧပြီ ၃ လက်ရှိ နိုင်ငံရေးအမြင်ကွဲပြားမှုတွေအပေါ် ကိုယ်စားပြုမှု စုံလင်စွာမပါဝင်နိုင်တဲ့အပေါ် မွန်တော် လှန်ရေး အင်အားစုတွေ ကန့်ကွက်ခဲ့ကြပေမယ့် မွန်အမျိုးသားရေးလုပ်ငန်းတွေ အကောင်အထည် ဖော်ဖို့ မွန်အမျိုးသားညီလာခံကို မော်လမြိုင်မြို့မှာ ဆက်လက်ကျင်းပနေပါတယ်။ ညီစားစခန်းမှာကျင်းပခဲ့တဲ့ မွန်အမျိုးသားညီလာခံကနေ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက် ၃ ရပ်ကို ချက် ချင်း အကောင်အထည်ဖော်ဖို့ လက်ရှိမွန်အမျိုးသားညီလာခံ ခေါ်ယူတာလို့ မွန်ပြည်သစ်ပါတီ…

၂၁ ရက်ကြာ အပစ်ရပ်မယ်လို့ စစ်ကောင်စီထုတ်ပြန်

နေပြည်တော်၊ ဧပြီ ၃ ငလျင်ဘေးကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ဖို့အတွက် ၂၁ ရက်ကြာ ယာယီပစ်ခတ်မှုရပ်စဲထားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီ ၂ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။ ငလျင်ဒဏ်သင့်ပြည်သူတွေကို ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အရှိန်အ ဟုန်နဲ့လုပ်နိုင်စေဖို့ ရည်ရွယ်ပြီး ဧပြီ ၂ ရက်ကနေ ၂၂ ရက်အထိကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ် စဲရေးကာလအဖြစ် ထုတ်ပြန်လိုက်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တော်လှန်ရေးတပ်တွေအနေနဲ့…

ငလျင်ကယ်ဆယ်ရေး ယာဉ်တန်းတွေကို PDF မိုင်းဆွဲတိုက်ခိုက်တယ်လို့ စစ်တပ်သတင်းမှားဖြန့်

အမှန်/အမှား +++++++++++ မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီကနေ့မှာတော့ “စစ်ကိုင်းတိုင်းက ငလျင်ဖြစ်ပွားရာ နေရာတွေအား ကယ်ဆယ်ရေးလာရောက်တဲ့ ယာဉ်တန်းတွေကို PDF တွေက မိုင်းဆွဲတိုက်ခိုက်တယ်” ဆိုပြီး စစ်ကောင်စီဘက်က သတင်းအမှား ဖြန့်ချီနေတဲ့ အကြောင်းကို စိစစ်ပေးသွားမှာ…

စစ်အာဏာသိမ်း (၁၅၂၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၄၈၀) ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ ၃ AAPP ရဲ့ ဧပြီ ၂ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၂၂) ရက်အတွင်း ပြည်သူ (၆၄၈၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၈၉၇၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၈၂၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မွန်အမျိုးသားညီလာခံကျင်းပမှု မွန်ပြည်ဖက်ဒရယ်ကောင်စီလက်မခံ

မော်လမြိုင် ၊ ဧပြီ ၃ စစ်ကောင်စီအပြည့်အဝထိန်းချုပ်ထားတဲ့ မော်လမြိုင်မြို့မှာ လက်ရှိကျင်းပနေတဲ့ မွန်အမျိုးသားညီလာခံနဲ့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအပေါ် မွန်ပြည်ဖက်ဒရယ်ကောင်စီအနေနဲ့ လက်မခံဘူးလို့ ဧပြီ ၁ ရက်နေ့မှာ သဘောထားထုတ်ပြန်ပါတယ်။ အမျိုးသားရေးဆိုင်ရာ မူဝါဒတွေအပါအဝင် မွန်ပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုသုံးသပ်ဖို့ ရည်ရွယ်ချက်နဲ့ ၂၀၂၅ မွန်အမျိုးသားညီလာခံကို မွန်ပြည်သစ်ပါတီ ဗဟိုကနေ ဦးဆောင်ပြီး ဧပြီ ၂ ရက်နေ့ကစပြီး ကျင်းပနေတာပါ။…

ငလျင်ဘေးကြား ပြည်တွင်းရွှေဈေး သိန်း ၇၀ ကျော်အထိ မြင့်တက်လာ

မော်လမြိုင် ၊ ဧပြီ ၃ နိုင်ငံတဝန်းရှိ ဒေသ ခြောက်ခုမှာ ငလျင်ဘေးဒဏ်ကို အပြင်အထန်ခံစားရပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုနဲ့ လူသေဆုံးမှုမြင့်တက်နေချိန် ပြည်တွင်း မီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ကျပ်သိန်း ၇၀ ကျော်အထိ မြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရွှေဈေးနှုန်းဟာ ငလျင်ဘေး မကြုံခင် ပြီးခဲ့တဲ့ မတ် ၂၇ ရက်နေ့က မီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို…

KNU နယ်မြေထဲ စစ်တပ်လက်နက်ကြီးပစ်လို့ အမျိုးသမီးတစ်ဦးသေဆုံး

ကျုံဒိုး၊ ဧပြီ ၃ စစ်ဘေးနဲ့ ငလျင်ဘေးဒဏ်တွေကြောင့် ဒုက္ခရောက်နေကြရတဲ့ ပြည်သူတွေအပေါ် စစ်ကောင်စီတပ်က ငဲ့ညာမှုမရှိဘဲ ပြည်သူနေထိုင်ရာ ကျေးရွာတွေထဲကို ဧပြီလ ၁ ရက်နေ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့တယ်လို့ KNU ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။ ဧပြီ ၁ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်က KNU ဒူးပလာယာခရိုင် တပ်မဟာ…

ငလျင်ဘေးသင့်နေပေမယ့် စစ်ဆက်တိုက်မယ်လို့ စစ်ခေါင်းဆောင်တုံ့ပြန်

နေပြည်တော် ၊ ဧပြီ ၃ မြန်မာနိုင်ငံမှာ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရချိန်မှာ တိုက်ခိုက်မှုတွေ ချက်ခြင်းရပ်တန့်ဖို့ နိုင်ငံတကာက တိုက်တွန်းနေချိန်မှာ စစ်ခေါင်းဆောင်ကတော့ စစ်ဆင်ရေးဆက်လုပ်သွားမယ်လို့ တုံ့ပြန်ပါတယ်။ တချို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လက်ရှိအခြေအနေမှာ တိုက်ပွဲဖော်ဆောင်တာမရှိပေမယ့် တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ စုဖွဲ့ခြင်း လေ့ကျင့်ပြင်ဆင်ခြင်းတွေ လုပ်ဆောင်ကြတာရှိတယ်လို့ ဧပြီ ၁ ရက်နေ့က ပြောပါတယ်။ အဲဒီလို…