April 29, 2025

မြန်မာကို အကူအညီ ဆက်လက်ပေးဖို့ မလေးရှားနဲ့ဗီယက်နမ် ကတိပြု

ကွာလာလမ်ပူ ဧပြီ ၂၉ မြန်မာနိုင်ငံရှိ ပြည်သူတွေရဲ့ ကောင်းကျိုးအတွက် ပြည်သူ အားလုံးကို အကန့်အသတ်မရှိ လူသားချင်း စာနာထောက်ထားရေး အကူအညီ ဆက်လက် ပေးဆောင်ရေး မလေးရှားနဲ့ ဗီယက်နမ်တို့ တစ်ညီတစ်ညွတ်တည်း သဘောတူလိုက်ပါတယ်။ ဧပြီ ၂၈ ရက်က ဖနွမ်းပင်မြို့မှာ ဗီယက်နမ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးမှုအတွင်း အခုလို သဘောတူခဲ့တာ ဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါ အေဘရာဟင်က…

ရုရှားမှာ မြောက်ကိုရီးယားစစ်သား ချထားမှု အဆုံးသတ်ရမယ်လို့ အမေရိကန် ပြော

ဝါရှင်တန်၊ ဧပြီ ၂၉ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားဘက်က ကူတိုက်ပေးဖို့ မြောက်ကိုရီးယားက တပ်ဖွဲ့ဝင်တွေ စေလွှတ်နေမှု အဆုံးသတ်ရေး အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။ ယူကရိန်းတပ်တွေ သိမ်းပိုက်ထားတဲ့ ကာ့စ်ဒေသကို ပြန်လည် သိမ်းယူရမှာ မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်ရည်ကို ရုရှား စစ်ဖက်ဆိုင်ရာ အရာရှိတစ်ဦးက လူသိရှင်ကြား ချီးကျူးခဲ့ပါတယ်။ ရုရှားတပ်တွေနဲ့အတူ တိုက်ပွဲဝင်နေတဲ့ မြောက်ကိုရီးယား စစ်သားတွေဟာ…

ဘုတ်ပြင်းမှာ စစ်တပ်ဒရုန်းဗုံးကြဲမှုကြောင့် ကျောင်းသူတစ်ဦး ထိခိုက်ဒဏ်ရာရ

ဘုတ်ပြင်း၊ ဧပြီ ၂၉ တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင် စီရဲ့ ဒရုန်းဗုံးကြဲချ တိုက်ခိုက်မှုကြောင့် ဆယ်တန်းကျောင်းသူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက် မနက်ပိုင်းမှာ စစ်ကောင်စီရဲ့ လေညာတပ်နယ်ဘက်ကနေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်အတွင်းရှိ နေရာငါးခုကို ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တာပါ။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်ကြီးမဏ္ဍိုင်လမ်းဆုံအနီးရှိ…

လောင်းလုံးမြို့ပေါ်မှာ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး လေးဦးသေဆုံး

လောင်းလုံး၊ ဧပြီ ၂၉ တနင်္သာရီတိုင်ဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့ ပေါ်မှာ ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် လေးဦးသေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ ဧပြီ ၂၈ ရက် နေ့လည် ၁ နာရီအချိန်ခန့်မှာ အင်အား ၆ ဦး ဝန်းကျင်နဲ့ ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။…

စစ်ကောင်စီရဲ့ ကျူးလွန်မှု‌တွေကို အာဆီယံအနေနဲ့ လျစ်လျူမရှုဖို့ NUG တိုက်တွန်း

နေပြည်တော် ၊ ဧပြီ ၂၉ လက်ရှိ မြန်မာပြည်သူလူထုအပေါ် စစ်ခေါင်းဆောင်နဲ့ စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတာကို အာဆီယံက လျစ်လျူမရှုဖို့ အရေးကြီးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ပြောပါတယ်။ အာဆီယံအနေနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လျစ်လျူရှုထားမယ်ဆိုရင် မြန်မာနိုင်ငံမှာ တည်ငြိမ်မှုတည်ဆောက်တဲ့ လုပ်ငန်းစဉ်တွေ ထိရောက်စွာ အကူအညီပေးနိုင်မှာ မဟုတ်ဘူးလို့ ဧပြီ…

စစ်အာဏာရှင် တွန်းလှန်မှုအားကောင်းနေဆဲ တနင်္သာရီတိုင်းမှာ စစ်ရေးအခြေအနေ ဘယ်လို ရှိနေလဲ။

“တော်လှန်ရေးတပ်တွေအနေနဲ့တော့ ရန်သူရဲ့ အားပျော့နေတဲ့ အပိုင်းတွေကို မပြတ်စောင့်ကြည့်နေပြီး ဆက်လက် တိုက်ခိုက်သွားမှာဖြစ်လို့ ဒီနှစ်အတွင်းမှာ တနင်္သာရီတိုင်းအနေနဲ့ နေရာတိုင်း တိုက်ပွဲတွေဖြစ်နေမယ့် အခြေအနေ ရှိနေပါမယ်” – တိုင်းစစ်ဌာန (တနင်္သာရီ) ကွပ်ကဲရေးမှူး ရဲဘော်စတား အာဏာသိမ်းကာလ ၄ နှစ်ကျော်လာတဲ့အထိ စစ်အာဏာရှင်တော်လှန်ရေး အားကောင်းနေဆဲ တနင်္သာရီတိုင်းထဲမှာ တိုက်ပွဲတွေက ခပ်စိပ်စိပ် ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ စစ်ကောင်စီက ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်း…