နေပြည်တော် ၊ ဧပြီ ၂၅

အာဆီယံနဲ့ မြန်မာစစ်ခေါင်းဆောင်တို့ကြားထားရှိခဲ့တဲ့ ဘုံသဘောတူညီချက်ငါးရပ်ဟာ စစ်ကောင် စီရဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ ပျက်ကွက်ခဲ့တဲ့ ငြိမ်းချမ်း‌ရေးအစီအစဉ်သာဖြစ်ခဲ့တယ်လို့ Justice for Myanmar က ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူမှုအပြီး ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်နေ့မှာ အာဆီယံခေါင်း ဆောင်တွေရှေ့ ဆုံးဖြတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင်ကိုယ်တိုင် သဘောတူလက်မှတ်ရေးထိုးခဲ့တာပါ။

ဒါပေမယ့် အဲဒီဘုံသဘောတူညီချက် ငါးရပ်ဟာ လေးနှစ်ပြည့်မြောက်သွားခဲ့ပေမယ့် စစ်‌ကောင်စီဘက်က သိသာထင်ရှားတဲ့ အကောင်အထည်ဖော်မှုတွေ မရှိခဲ့တဲ့အပေါ် Justice for Myanmar က ထောက်ပြလာတာဖြစ်ပါတယ်။

ဘုံသဘောတူညီချက် ငါးရပ်ထဲမှာတော့ ဖမ်းဆီးထားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်း သားတွေကို ပြန်လွှတ်ပေးဖို့၊ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့၊ သက်ဆိုင်ရာအစုအဖွဲ့အားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့၊ လူသားချင်းစာနာအထောက်အထားမှု အကူအညီတွေ ပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

အာဆီယံရဲ့ ငြိမ်းချမ်းရေးအစီအစဉ် မအောင်မြင်မှုနဲ့အတူ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်ရှိနေပေမယ့် အာဆီယံနဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ စစ်ခေါင်းဆောင်နဲ့ ထိတွေ့ဆက်ဆံမှုကို ဆက်လက်လုပ်ဆောင်နေတာပါ။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်း အကျပ်အတည်းတွေဖြေရှင်းရေး အားထုတ်မှုတွေကို ဦးဆောင်နေကြောင်း ပြောဆိုနေပေမယ့် လက်တွေ့မှာတော့ အခြေအနေတွေကို ပိုမိုဆိုးရွားစေပြီး နိုင်ငံတကာရဲ့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေကို ပိတ်ပင်နေတာလို့ Justice for Myanmar က ဆိုပါတယ်။

ဧပြီ ၁၇ ရက်နေ့က အာဆီယံအလှည့်ကျဥက္ကဌ၊ မလေးရှားဝန်ကြီးချုပ်က ငလျင်ကြောင့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီအတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တာပါ။

အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကိုလည်း ဧပြီ ၁၈ ရက်နေ့မှာ အွန်လိုင်းကနေ ပထမဆုံး တရားဝင်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

သီးခြားစီတွေ့ဆုံမှုတွေအတွင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က မြန်မာနိုင်ငံမှာ ငြိမ်း ချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် တွန်းအားပေးတောင်းဆိုမှုတွေနဲ့ ငလျင်ဘေးအပြီး အပစ်အခတ်ရပ်စဲရေး တိုက်တွန်းမှုတွေ ရှိနေတာပါ။

ဒီအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတကာ အသိုင်းအ ဝိုင်းအနေနဲ့လည်း စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအပေါ် ထားတဲ့ သဘောထားကို လေး နက်စွာ ဆန်းစစ်သုံးသပ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

စစ်ကောင်စီအနေနဲ့လည်း မြန်မာနိုင်ငံမှာ ဘယ်လိုစစ်အုပ်ချုပ်ရေးနဲ့မဆို တိုင်းပြည်ကို အမှန်တ ကယ် ဖွံ့ဖြိုးတိုးတက်အောင် မလုပ်နိုင်ဘူးဆိုတာ နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်က သက် သေမို့ နားလည်ဖို့လိုတယ်လို့ ဧပြီ ၂၂ ရက်နေ့က ပြုလုပ်တဲ့ NUG အစိုးရအဖွဲ့အစည်းအ‌ဝေးမှာ ယာယီသမ္မတက ပြောဆိုခဲ့တာပါ။

Justice for Myanmar ကတော့ အာဆီယံအနေနဲ့ ငြိမ်းချမ်းရေးအတွက် ကတိကဝတ်တွေကို ပြသချင်ရင် ဖက်ဒရယ်ဒီမိုကရေစီအတွက် အသက်တွေရင်းပြီး စစ်ကောင်စီကို ရဲရဲရင့်ရင့် ဆက်လက်ခုခံတော်လှန်နေတဲ့ မြန်မာပြည်သူတွေရဲ့ အသံတွေကို လေးစားရမယ်လို့ ထောက်ပြပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေ တောင်းဆိုထားတဲ့အတိုင်း အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို ကျော်လွန်တဲ့ မြန်မာလူထုဗဟိုပြုနည်းလမ်းနဲ့သာ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းနိုင်မယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.