April 25, 2025

အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသူ/သားတွေ ဘာတွေ ကြုံနေရလဲ။

“လက်ရှိမှာဆိုရင် အပ်တိုတစ်ချောင်းတောင် ကိုယ်တွယ်ခွင့်မရှိတဲ့ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူတွေဟာ လက်ရှိမှာ သဘာဝဘေးအန္တရာယ်ကိုလည်း စိုးရိမ်နေရသလို စစ်ကောင်စီရဲ့ခြိမ်းခြောက်မှုတွေနဲ့ ထောင်ပြောင်းပို့မယ်ဆိုတဲ့ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေကို ခြိမ်းခြောက်နေတာလည်း ကျွန်မတို့အနေနဲ့ ကြားသိရတယ်” – မဇူးဇူးမေယွန်း (WOPP) စစ်ကောင်စီက ဧပြီလ ၁၇ ရက်မှာ နိုင်ငံရေးအကျဉ်းသား ၃၇၈ ဦး ပြန်လွတ်လာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အကျဉ်းထောင်…

ရေဖြူတိုက်ပွဲမှာ စစ်ကောင်စီ ပြည်သူ့စစ်အဖွဲ့ဝင် ခြောက်ဦး သေဆုံး

ရေဖြူ ၊ ဧပြီ ၂၅ တနင်္သာရီတိုင်း ရေဖြူမြို့နယ် မင်းသားကျေးရွာမှာ အခြေစိုက်တဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် ခြောက်ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုအဖွဲ့တွေက ဧပြီ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့ မနက် ၇ နာရီခွဲအချိန့်မှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲ…

ရွှေကျင်မြို့နယ်က စစ်တပ်စခန်းတစ်ခုကို KNLA ပူးပေါင်းအဖွဲ့ တိုက်ခိုက်သိမ်းပိုက်

ရွှေကျင်၊ ဧပြီ ၂၅ ပဲခူးတိုင်း ရွှေကျင်မြို့နယ် ကွမ်းဆိပ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို KNLA PDF ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့က ကွမ်းဆိပ်ရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KNLA PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ အပြင်းအထန် ပစ်ကူပေးခဲ့တဲ့အတွက် ကျေးရွာအများအပြားက ဒေသခံတွေ…

ယူကရိန်းနဲ့ သဘောတူညီမှုရယူဖို့ အသင့်ရှိတယ်လို့ ရုရှားပြော

မော်စကို၊ ဧပြီ ၂၅ တချို့ကိစ္စရပ်တွေကို ကောင်းကောင်းမွန်မွန်ဖြစ်အောင် လုပ်ဆောင်ဖို့ လိုအပ်နေပေမယ့် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး အမေရိကန်နဲ့ သဘောတူညီမှုရယူဖို့ အသင့်ရှိတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗရော့က ပြောပါတယ်။ အမေရိကန်သမ္မတ တွေးတောထားတဲ့အတိုင်း မိမိတို့လည်း ယုံကြည်ထားပြီး မိမိတို့အနေနဲ့ မှန်ကန်တဲ့ ဦးတည်ရာဆီ လျှောက်လှမ်းနေတာဖြစ်တယ်လို့ ဝန်ကြီး လက်ဗရော့က ဆိုပါတယ်။ ဒီအတောအတွင်း သမ္မတ ဒေါ်နယ် ထရန့်ရဲ့…

ရုရှားအောင်ပွဲနေ့နဲ့ ဒရုန်းတွေဝယ်ယူဖို့အတွက် စစ်ကောင်စီက ကိုယ်စားလှယ်အဖွဲ့ စေလွှတ်

မော်စကို၊ ဧပြီ ၂၅ မော်စကိုမှာ ကျင်းပတဲ့ နှစ် ၈၀ မြောက် အောင်နိုင်ရေးပွဲ၊ စစ်ရေးပြပွဲအတွက် စစ်ကောင်စီက ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခဲ့တယ်လို့ စစ်တပ်ပိုင်မီဒီယာတွေက ဖော်ပြပါတယ်။ ရုရှားဆီက ဒရုန်းတွေဝယ်ယူဖို့အတွက်လည်း အဲဒီကိုယ်စားလှယ်အဖွဲ့ကို တာဝန်ပေးထားကြောင်း သတင်းရင်းမြစ်တွေက ဒီဗီဗွီသတင်းဌာနသို့ ပြောကြားထားတာပါ။ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် မိုးဆက်အောင်ဟာ ပြီးခဲ့တဲ့လက ရုရှားဆီက ဒရုန်းအစီးရေ ၁၀၀ ဝယ်ယူခဲ့သူ…

စစ်ကောင်စီတပ်သားသုံးဦး ကော့သောင်း PDF ထံ အလင်းဝင်

ဘုတ်ပြင်း၊ ဧပြီ ၂၅ တနင်္သာရီတိုင်း ဘုတ်ပြင်းအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကနေ တပ်သားသုံးဦး အလင်းဝင်ရောက်လာတယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ် ၁ တပ်ရင်းက ဧပြီ ၂၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ စစ်မှုထမ်းသင်တန်းအပတ်စဉ် ၉ ဆင်း စစ်ကောင်စီတပ်သားတွေဖြစ်တဲ့ စကခ ၁၃ မှ တပ်သား ရဲဝင်းအောင်၊ သူရစိုးနဲ့ ခလရ ၄၃၂ တပ်က…

စစ်အာဏာသိမ်း (၁၅၄၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၅၅၇) ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ ၂၅ AAPP ရဲ့ ဧပြီ ၂၄ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၄၄) ရက်အတွင်း ပြည်သူ (၆၅၅၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၀၆၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၉၀၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

ထားဝယ်မှာ စစ်တပ်ဗုံးကြဲမှုကြောင့် ဒေသခံတစ်ဦးသေဆုံး

ထားဝယ်၊ ဧပြီ ၂၅ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတိုက် ခိုက်မှုကြောင့် အရပ်သားပြည်သူတစ်ဦး သေဆုံးပြီး စာသင်ကျောင်း အဆောက်အဦတချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့ နေ့လယ် ၁ နာရီခွဲအချိန်ခန့်မှာ စစ်ကောင်စီတပ်ဟာ ထားဝယ်အရှေ့တောဒေသက တောင်သုံးလုံးကျေးရွာနဲ့ကျောက်မဲတောင်ရွာအကြားကို ပေါင် ၂၀၀ ဗုံး…

အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးရပ်ဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကိုရပ်တန့်ဖို့ ပျက်ကွက်ခဲ့တဲ့ အစီအစဉ်သာဖြစ်

နေပြည်တော် ၊ ဧပြီ ၂၅ အာဆီယံနဲ့ မြန်မာစစ်ခေါင်းဆောင်တို့ကြားထားရှိခဲ့တဲ့ ဘုံသဘောတူညီချက်ငါးရပ်ဟာ စစ်ကောင် စီရဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ ပျက်ကွက်ခဲ့တဲ့ ငြိမ်းချမ်း‌ရေးအစီအစဉ်သာဖြစ်ခဲ့တယ်လို့ Justice for Myanmar က ပြောပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူမှုအပြီး ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်နေ့မှာ အာဆီယံခေါင်း ဆောင်တွေရှေ့ ဆုံးဖြတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို…

ကော့ကရိတ်-ကျုံဒိုး တိုက်ပွဲအတွင်း စစ်ရှောင်ပစ်မှတ်တွေကို တိုက်ခိုက်ခံနေရ

ကော့ကရိတ်၊ ဧပြီ ၂၅ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နဲ့ကျုံဒိုးမြို့တို့မှာ စစ်ဘေးရှောင်ပြည်သူတွေ တိမ်းရှောင်နေတဲ့ နေရာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်မှတ်ထား တိုက် ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဧပြီ ၂၃ ရက်နေ့ ညပိုင်းက ကျုံဒိုးမြို့နယ် ဝင်းကကျေးရွာထဲကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲနဲ့ စစ်ကောင် စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ နေအိမ် ၃…