ချင်းမိုင် ဧပြီ ၂၄

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ပြည်နယ်မှာ မြန်မာစစ်ကောင်စီကို တိုက်ခိုက်နေတဲ့ တိုင်းရင်းသားအဖွဲ့တွေဆီ ပို့မယ့် ဗုံးပစ်လောင်ချာတွေအပါအဝင် စစ်လက်နက်တွေ တရားမဝင် မှောင်ခိုကူးဖို့ ကြိုးပမ်းနေတဲ့ အမျိုးသား နှစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းဘက်ကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။

အဖမ်းခံရတဲ့ သံသယရှိသူ နှစ်ဦးရဲ့ အဆိုအရ မယ်ဟောင်ဆောင်ပြည်နယ် ဆော့မိုအိခရိုင်မှာ လက်နက်တွေလာယူမယ့် ကရင်အမျိုးသားအစည်းအရုံး KNU ထံ အဲဒီလက်နက်တွေကို ပို့ဆောင်ဖို့ သူ့တို့ကို ငှားရမ်းခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ဗုံးပစ်လောင်ချာ ၁၄ လက်၊ AR-10 ရိုင်ဖယ် ၁၀ လက်နဲ့ ခဲယမ်းမီးကျောက်တွေ အပါအဝင် လက်နက်ခဲယမ်းတွေကို သူတို့ရဲ့ ပစ်ကပ်ထရပ်ကား နောက်ကျောမှာ ဝှက်ထားတဲ့အိတ်တွေထဲမှာ ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီ လက်နက်ပို့ဆောင်ရေးခရီးစဉ်အတွက် ဘတ် ၉ ထောင် ရရှိခဲ့ပြီး အဲဒီလိုမျိုး လက်နက်မှောင်ခိုပို့ဆောင်မှု ၃ ကြိမ်ကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ပြီး ဖြစ်တယ်လို့ အဖမ်းခံရသူတွေက ဆိုပါတယ်။

Ref:thaipbs

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.