အပစ်ရပ်သက်တမ်းတိုးထားတဲ့ စစ်ကောင်စီက ကော့ကရိတ်နဲ့ ကျုံဒိုးမြို့တို့မှာ ဗုံးဆက်ကြဲနေ
ကော့ကရိတ်၊ ဧပြီ ၂၄ ဧပြီလကုန်အထိ အပစ်ရပ် သက်တမ်းထပ်းတိုးထားတယ်လို့ စစ်ကောင်စီဘက်က ကြေညာထားပေမယ့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကော့ကရိတ်မြောက်ပိုင်းက ကျေးရွာတွေနဲ့ ကျုံဒိုး-ကော့ကရိတ် ကားလမ်းတလျှောက်က ကျေးရွာတွေမှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား ပြီးခဲ့တဲ့ ဧပြီ ၁၄…