ဘေဂျင်း၊ ဧပြီ ၂၂
ကမ္ဘာ့အကြီးမားဆုံး စီးပွားရေးနှစ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲမှာ အခြားနိုင်ငံတွေလည်း ပါဝင်လာချိန် တရုတ်က သူတို့ရဲ့ အကျိုးစီးပွားနစ်နာစေမယ့် အမေရိကန်နဲ့ ကုန်သွယ်ရေး သဘောတူညီမှုတွေ ရယူကြမယ့် နိုင်ငံတွေကို ပြန်လည်တိုက်ခိုက်သွားမှာဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။
အမေရိကန် အခွန်အတုပ်တွေ ကင်းလွတ်ခွင့်အတွက် အပြန်အလှန်အနေနဲ့ တရုတ်နဲ့ ကုန်သွယ်မှုကို ထိန်းချုပ်ရေး အစိုးရအဖွဲ့တွေကို အမေရိကန်က ဖိအားပေးသွားမယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပြီးနောက် ဘေဂျင်းက အခုလိုပဲ ပြောကြားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ဂျပန် ကိုယ်စားလှယ်အဖွဲ့ ဝါရှင်တန်သို့ လာရောက်ခဲ့ပြီး တောင်ကိုရီးယားက အခု သီတင်းပတ်အတွင်း ဆွေးနွေးမှုစတင်ဖို့ စီစဉ်ထားချိန် အမေရိကန်က သူတို့ရဲ့ ကုန်သွယ်ဖက်နိုင်ငံတွေနဲ့ ကုန်သွယ်ရေးဆွေးနွေးမှုတွေ စတင်လုပ်ဆောင်နေပါတယ်။
ဇန်နဝါရီက အိမ်ဖြူတော်သို့ ပြန်ရောက်လာပြီးနောက် ထရန့်က တရုတ်ကုန်ပစ္စည်းတွေအပေါ် ကြီးလေးတဲ့ အခွန်တွေ ပြဌာန်းထားပြီး အခြားနိုင်ငံတွေအပေါ်ကိုလည်း အခွန်တွေပြဌာန်းထားပါတယ်။
အမေရိကန်ကို ကျေနပ်အောင်လုပ်ပေးရုံနဲ့ ငြိမ်းချမ်းရေးရမှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
တရုတ်နဲ့ ကုန်သွယ်ရာမှာ အတားအဆီးအသစ်တွေ ပြုလုပ်ကြဖို့ နိုင်ငံပေါင်းများစွာရဲ့ အစိုးရ အဖွဲ့တွေကို ဖိအားပေးရေး ထရန့်အစိုးရက ပြင်ဆင်နေတယ်ဆိုတဲ့သတင်း ထွက်လာပြီးနောက်မှာ တရုတ်က အခုလိုသတိပေးလာတာပါ။
အခွန်တွေ ပြဌာန်းလိုက်ပြီးနောက် နိုင်ငံပေါင်း ၇၀ကျော်က မိမိတို့နဲ့ စတင် ဆွေးနွေးနေပြီလို့ ထရန့်က ပြောပါတယ်။
Ref:BBC